“Accounting ပိုင်းကို ဟာကွက်မရှိတဲ့ Features တွေနဲ့ ဘက်ပေါင်းစုံက ဖြည့်ဆည်းပေးနိုင်တဲ့ QuickBooks”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

QuickBooks က Intuit မှ ဖန်တီးထုတ်လုပ်ထားပြီးတော့ စျေးကွက်မှာ အသုံးများတဲ့ စာရင်းကိုင် software တစ်ခု ဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ စာရင်းကိုင်၊ စာရင်းရေးသွင်းမှု၊ လုပ်ခလစာနဲ့ အခြားဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို စီမံခန့်ခွဲရာမှာ အကူအညီဖြစ်ဖို့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

QuickBooks မှာဆိုရင်

1. User-Friendly Interface: QuickBooks ရဲ့ design က အသုံးပြုရလွယ်ကူတာကြောင့် စာရင်းအင်းနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတ အနည်းငယ်ရှိသူတွေလည်း ဝင်ရောက်အသုံးပြုလို့ ရပါတယ်။

2. Bookkeeping and Accounting: စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ငွေနဲ့ အသုံးစရိတ်တွေကို စီမံခန့်ခွဲနိုင်ဖို့၊ အရောင်းအဝယ်တွေကို ခြေရာခံနိုင်ဖို့နဲ့ အထွေထွေစာရင်းကိုလည်း ထိန်းသိမ်းနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

3. Invoicing: users တွေက QuickBooks မှာပဲ ငွေတောင်းခံလွှာတွေကို ဖန်တီးပြုပြင်‌နိုင်တဲ့အပြင် ဖောက် သည်တွေဆီကို ‌တိုက်ရိုက်ပို့ပေးလို့ ရပါတယ်။

4. Payroll Management: QuickBooks မှာ လစာတွက်ချက်ခြင်း၊ ဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို ခြေရာခံခြင်းနဲ့ လုပ်ခလစာအခွန်တွေကို ကိုင်တွယ်ခြင်းတို့ အပါအဝင် လစာတွေကို စီမံခန့်ခွဲဖို့ရာ tools တွေကို ပံ့ပိုးပေးထားပါတယ်။

5. Financial Reporting: မိမိရဲ့ စီးပွားရေးလုပ်ငန်းမှာ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး နားလည်စေဖို့ရာ ကူညီပေးတဲ့ အမြတ်အရှုံးရှင်းတမ်းတွေ၊ လက်ကျန်စာရင်းရှင်းတမ်းတွေနဲ့ ငွေသားစီးဆင်းမှုရှင်းတမ်းလိုမျိုး ဘဏ္ဍာရေးအစီရင်ခံစာ အမျိုးမျိုးကိုလည်း ထောက်ပံ့ပေးပါတယ်။

6. Tax Preparation: QuickBooks မှာ ငွေကြေးဆိုင်ရာ data တွေအပြင် အခွန်နဲ့ ပတ်သက်တဲ့ reports တွေကို စုစည်းပေးတဲ့အတွက်ကြောင့် အခွန်နဲ့ ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာလည်း ချော့မွေ့စေပါတယ်။

7. Bank Reconciliation: QuickBooks မှာ ငွေသွင်းငွေထုတ် bank statements တွေကိုလည်း နှိုင်းယှဉ်လို့ရပါသေးတယ်။

8. Inventory Management: စာရင်းအင်းတွေကို စီမံခန့်ခွဲတဲ့ လုပ်ငန်း‌တွေအတွက် QuickBooks က စတော့ level တွေ၊ order အရောင်းအဝယ်တွေကို ခြေရာခံဖို့ရာ tools တွေကိုလည်း ထောက်ပံ့ပေးပါတယ်။

9. Cloud-Based and Desktop Versions: QuickBooks မှာ cloud အသုံးပြုတဲ့ version ဖြစ်တဲ့ QuickBooks Online နဲ့ desktop version ဖြစ်တဲ့ QuickBooks Desktop တို့ ရှိပါတယ်။ users တွေက သူတို့လိုအပ်ချက်နဲ့ အကိုက်ညီဆုံး version ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

QuickBooks ဟာ စီးပွားရေးလုပ်ငန်းတွေမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ချောမွေ့စေဖို့နဲ့ အချိန်ကုန်သက်သာစေဖို့အပြင် ဘဏ္ဍာရေးမှတ်တမ်းထိန်းသိမ်းမှုမှာ အမှား
အယွင်းတွေ လျှော့ချနိုင်ဖို့ရာ ရည်ရွယ်တဲ့ application တစ်ခုပဲ ဖြစ်ပါတယ်။

AMC HACKS

Related