“AI နဲ့ Scamming လုပ်နိုင်ကြောင်း Warren Buffett ပြောကြား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကမ္ဘာ့အကောင်းဆုံး ရင်းနှီးမြုပ်နှံသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Warren Buffett က AI နည်းပညာရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်အလားအလာကို သတိပေးပြောဆိုထားပါတယ်။

“ကျွန်တော်အနေနဲ့ scamming မှာ ရင်းနှီးမြုပ်နှံဖို့ရာ စဉ်းစားမယ်ဆိုရင်တော့ AI ကြောင့်မို့ အချိန်တိုင်း ကြီးထွားလာနေတဲ့ နယ်ပယ်မှာပဲ ဖြစ်မှာပါ” လို့ Buffett က Berkshire Hathaway ရဲ့ နှစ်ပတ်လည် ရှယ်ယာရှင်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ လူလိမ်သရုပ် ဆောင်တွေအစား လက်တွေ့ဆန်ဆန် မဟုတ်မမှန် content တွေကို ဖန်တီးနိုင်တဲ့ နည်းပညာရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ကြောင်းကို ထောက်ပြထားပါသေးတယ်။

scammers တွေက AI ရဲ့ voice cloning နဲ့ deepfake technology ကို အသုံးချပြီး‌တော့ တစ်ဦးတစ်ယောက်ရဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းအယောင်ဆောင်ထားတဲ့ ဗီဒီယိုနဲ့ ပုံတွေကိုဖန်တီးကာ ငွေကြေးနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ရယူဖို့အတွက် ကြိုးကိုင်အသုံးပြုတတ်ကြပါတယ်။

“သေချာတာတစ်ခုကတော့ AI မှာ ကောင်းတဲ့အရာတွေအတွက်လည်း အလားအလာရှိပါတယ်၊ ဒါပေမယ့် ကျွန်တော့လို AI နဲ့ ပတ်သက်ပြီး လုံးဝနားမလည်တဲ့သူ တစ်ယောက်အ‌နေနဲ့ကတော့ ဒါဟာ ကောင်းတဲ့နေရာမှာလည်း ကြီးမားတဲ့ အလားအလာရှိနိုင်သလို မကောင်းတဲ့နေရာမှာလည်း ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်၊ ဘယ်လိုပုံစံမျိုးနဲ့ အလုပ်ဖြစ်သွားမယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး” လို့ Buffett က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက ဒီ AI နည်းပညာရဲ့အလားအလာ အပေါ်မှာ လောင်းကြေးထပ်ကြတာနဲ့အမျှ အမြတ်အစွန်းများစွာ ရရှိစေပြီးတော့ Wall Street (stock ‌ဈေးကွက်) မှာ လူပြောများနေခဲ့တာလည်း တစ်နှစ်ကျော်ရှိနေပါပြီ။ Nvidia နဲ့ Meta တို့မှာလည်း AI အရှိန်အဟုန်မြှင့်လာတာနဲ့အမျှ 2022 နှစ်ကုန်ပိုင်းကစလို့ စတော့ရှယ်ယာတွေ 507% နှင့် 275% စီ အသီးသီး တက်လာခဲ့ကြပါတယ်။

ဒါပေမဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Buffeff ကတောင် သူဟာ AI ကို ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြောင်း ဝန်ခံခဲ့ပြီးတော့ AI ဟာ 20 ရာစုအတွင်းတုန်းက အဏုမြူဗုံးကဲ့သို့ အလားအလာရှိလာနိုင်ကြောင်း ထောက်ပြထားပါသေးတယ်။

“AI နဲ့ ပတ်သက်ပြီး ကျွန်တော် ရင်းနှီးကျွမ်းဝင်မှု မရှိသလို သိလည်း မသိပါဘူး။ အဲ့ဒါနဲ့ပဲ AI ရဲ့ တည်ရှိမှု၊ အရေးပါမှုတွေကို သတိမမူမိတာတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် နျူကလီးယားလက်နက် တီထွင်တဲ့အခါတုန်းက အဖြစ်အပျက်က genie နတ်ဘုရားကို ပုလင်းထဲက ထုတ်ပစ်တဲ့ပုံစံနဲ့ ဆင်တူပါတယ်။ အဲဒီ genie ဟာ မကြာသေးခင်အချိန်ထိကို ဆိုးရွားတဲ့ အရာတွေ လုပ်‌ဆောင်နေခဲ့ပြီး သူရဲ့ စွမ်းအားကြီးမားမှုကို စိုးရိမ်ပူပန်နေရပါတယ်” လို့ Buffett က ဆိုပါတယ်။

“ပုလင်းထဲမှာ ဒီနတ်ဆိုးကို ပြန်ထည့်လို့ရနိုင်မယ့် နည်းလမ်းကို ကျွန်တော် မသိပါဘူး။ AI ကလည်း အလားတူပါပဲ။ AI ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ပုလင်းရဲ့ အပြင်မှာ ရောက်ရှိနေပြီးပါပြီ။ ဒါဟာ အင်မတန် အရေးကြီးပြီးတော့ တစ်စုံတစ်ယောက်ကနေ AI ကို အသုံးချပြီး လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်မှာလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါပဲ” လို့ Buffett က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference: Warren Buffett says AI scamming will be the next big ‘growth industry’ by CNBC

AMC HACKS

Related