“အသွင်သစ် ပုံစံသစ်ဖြစ်လာနိုင်တဲ့ Elon Musk ရဲ့ X”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

X ရဲ့ CEO Elon Musk က AI ကိုအသုံးပြုပြီး ပလပ်ဖောင်းရဲ့ သတင်းဖြန့်ဝေမှုစွမ်းရည်ကို မြှင့်တင်ဖို့ဆိုတဲ့ သူရဲ့ ရည်မှန်းချက်ကြီးမားလှတဲ့ plan ကို မျှဝေခဲ့ပါတယ်။

Big Technology နဲ့ အဆိုပြုထားတဲ့ ပဏာမခြေလှမ်းကတော့ အချိန်နှင့်တစ်ပြေးညီ သတင်းတွေကို ဆိုရှယ်မီဒီယာကနေ တိုက်ရိုက်မှတ်ချက်ပေးတုံ့ပြန်နိုင်စေခြင်းဖြင့် ပိုမိုကျယ်ပြန့်မြင်သာတဲ့ နောက်ဆုံးပေါ် သတင်းအခြေ အနေတွေကို ဖြစ်ပေါ်စေဖို့ ရည်ရွယ်ပါတယ်။ ဒီနည်းက X မှာ သတင်းတွေ တင်ဆက်ပုံနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပေါင်းစပ်မှုတစ်ခု ဖြစ်စေမှာပါ။

Musk ရဲ့ plan မှာ အဓိကကျတာကတော့ X မှာ စမ်းသပ်အသုံးပြုနေတဲ့ AI chatbot Grok ပဲ ဖြစ်ပါတယ်။ Grok က ပလက်ဖောင်းပေါ်က သတင်းတွေကို စုစည်းပြီး သတင်းအကျဉ်းချုပ်တွေ ထုတ်ပေးပါတယ်။ Musk ရဲ့ အဆိုအရ Grok က ပိုမိုအားကောင်းတဲ့ နောက်ဆုံးပေါ် သတင်းတွေနဲ့ ကိုးကားချက်တွေ အသုံးပြုပြီး အဆင့်မြင့်ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။ ဒီ AI အသုံးချ tool က အသုံးပြုသူတွေအတွက် ထိရောက်ပြီး ပိုမိုတိကျမြန်ဆန်တဲ့ သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ရာ ရည်ရွယ်ပါတယ်။

ဒါပေမယ့် ဒီလိုရရှိဖို့ဆိုတာကလည်း ရိုးရှင်းလွယ်ကူမနေပါဘူး။ ရှုပ်ထွေးတဲ့သတင်းကိစ္စရပ်တွေအတွက် မှန်ကန်တဲ့ ကိုးကားချက်တွေကို လမ်းညွှန်ဖို့ရာနဲ့ လွဲမှားတဲ့ သတင်းအချက်အလက်တွေ ဖန်တီးခြင်းကို ရှောင်ကြဉ်ရပါမယ်။

အဲ့ဒါအပြင် Musk က AI နယ်ပယ်မှာ မူပိုင်ခွင့်ဆိုင်ရာ ပြဿနာတွေ ကြီးထွားလာတာကြောင့်မို့ copyright ငြိနိုင်တဲ့ တိုက်ရိုက်ဆောင်းပါးတွေထက် social posts တွေ အပေါ်မှာ အလေးထား အသုံးချသွားမယ်လို့ သိရပါတယ်။

ဒီ plan သာ အောင်မြင်သွားရင်တော့ social media မှာ သတင်းတွေရဲ့ ဖော်ပြပုံကို Grok က သိသိသာသာကို ပြောင်းလဲပစ်လိုက်နိုင်မှာပါ။ မူရင်းသတင်း website တွေကို ဝင်ရောက်ဖတ်ရှုသူ များစေနိုင်ပြီးတော့ ပိုမိုစိတ်ဝင်စားဖို့ကောင်းမွန်တဲ့ သတင်းတွေကို ဖြစ်ပေါ်လာနိုင်ဖို့အတွက်လည်း လှုံဆော်ပေးနိုင်မှာပါ။

The Browser Company ရဲ့ CEO ဖြစ်သူ Josh Miller က သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ရာနဲ့ သိချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ဖို့ရာအတွက် ခိုင်မာတဲ့ ကိုးကားမှုတွေ ညွှန်ပြပေးနိုင်ဖို့ အရေးကြီးကြောင်း ဆိုပါတယ်။ အလားတူပဲ Musk ရဲ့ xAI အဖွဲ့မှ Igor Babuschkin က မူရင်းသတင်းရင်းမြစ်တွေကို ပိုမိုတိကျစွာထင်ဟပ်နိုင်စေဖို့ရာ Grok ရဲ့ ကိုးကားမှုစွမ်းရည်ကို မြှင့်တင်နေကြောင်း ကြိုးပမ်းမှုများကို အလေးပေးပြောကြားခဲ့ပါတယ်။

ဒါက ဥပဒေကြောင်းအရ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ News/Media Alliance ရဲ့ ဥက္ကဋ္ဌ Danielle Coffey က သတင်းအကျဉ်းချုပ်ဖော်ပြဖို့ရာ social media posts တွေကို အသုံးပြုခြင်းနဲ့ပတ်သက်ပြီးတော့ မူရင်းဂျာနယ်လစ် content တွေလိုမျိုး လုံလုံလောက်လောက်ဖော်ပြပေးနိုင်မှာ မဟုတ်ဘူးလို့ အကြံပေးထားပါတယ်။

ဒီရှု့ထောင့်က ကြည့်မယ်ဆိုရင်ကျလည်း The New York Times အပါအဝင် အဓိက သတင်းထုတ်ဝေသူတွေက AI ကုမ္ပဏီတွေကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုမှုတွေက ရှိနေတာကြောင့် social media posts တွေကို သုံးမှပဲ ဒီပြဿနာကနေ ကင်းလွတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ကနဦးခြေလှမ်းတွေအရ X ပေါ်မှာ သတင်းတွေကို အလေးမပေးပုံပေါက်နေပေမယ့်လည်း Musk ရဲ့ အသေး စိတ် plan အရ သတင်းတွေကို ထပ်လောင်းအတည်ပြုပေးတဲ့ ပုံစံမျိုးဟာ platform ရဲ့ အဓိက feature ဖြစ်လာမယ်လို့ ထင်မှတ်ရပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သတင်းတွေကနေ သွေဖယ်သွားနေတဲ့ Meta ရဲ့ Threads လို social media platforms တွေနဲ့ ပြိုင်ဆိုင်မှုအတွက် အားသာချက်ရစေမှာပါ။

ခြုံငုံပြောရရင် Musk ဟာ Grok ကို အသုံးချပြီး စဉ်ဆက်မပြတ် သတင်းတွေအပေါ်မှာ အသုံးပြုသူတွေရဲ့ ဆွေး နွေးမှုတွေကို AI အသုံးပြုပြီး အကျဉ်းချုပ်ပေးမယ့် ပေါင်းစပ်ပလပ်ဖောင်းတစ်ခုအဖြစ် X ကို ဖန်တီးဖို့ရာ ရည်ရွယ်ပါတယ်။ ဒီပုံစံက ဒစ်ဂျစ်တယ်ခေတ်မှာ မိရိုးဖလာ ဂျာနယ်လစ်ဇင် နဲ့ ဆိုရှယ်မီဒီယာရဲ့ မြန်ဆန်မှုကို ပေါင်းစပ်သွားစေမယ့် သတင်းစုစည်းမှုအတွက်
စံအသစ်တစ်ခု သတ်မှတ်နိုင်စေမှာပါ။

Reference: Elon Musk outlines vision for AI-driven news synthesis on X by ReadWrite

AMC HACKS 

Related