Apple က cloud server တွေ မဟုတ်ဘဲ device တွေပေါ်မှာ အလုပ်လုပ်နိုင်ဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ open source large language models (LLMs) တွေ အများအပြားကို ဒီနေ့ ထုတ်ပြန်မိတ်ဆက်ခဲ့ပါတယ်။
LLMs ဆိုပြီး အတိုကောက်ခေါ်တဲ့ OpenELM (Open-source Efficient Language Models) တွေကို Hugging Face Hub မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ Hugging Face Hub က AI code တွေ မျှဝေဖို့ရာ community တစ်ခုပဲ ဖြစ်ပါတယ်။
စုစုပေါင်း OpenELM model 8 ခု ရှိပြီး 4 ခုက CoreNet library နဲ့ pre train ထားပြီးတော့ ကျန် 4 ခုက instruction tuned models တွေ ဖြစ်ကြပါတယ်။ Apple ဟာ တိကျမှုနဲ့ ထိရောက်မှု တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ layer-wise scaling ကို အသုံးပြုထားတယ်လို့ သိရပါတယ်။
Final product အနေနဲ့ trained ထားတဲ့ model အပြင် code တွေ၊ training မှတ်တမ်းတွေနဲ့ version အစုံကို ထောက်ပံ့ပေးထားပါတယ်။ ဒီပရောဂျက်ရဲ့ နောက်ကွယ်က သုတေသီတွေကလည်း natural language AI နယ်ပယ်မှာ ယခုထက် ပိုပြီး မြန်ဆန်တိုးတက်စေဖို့နဲ့ စိတ်ချယုံကြည်ရတဲ့ ရလဒ်တွေ ပေးဆောင်နိုင်စေဖို့ ရည်ရွယ်ကြောင်း ဆိုပါတယ်။
ခေတ်မီဆန်းသစ်တဲ့ language models တွေနဲ့အတူ ပွင့်လင်းမြင်သာမှုရှိတဲ့ AI သုတေသနအသိုင်းအဝိုင်း ကို အားကောင်းလာစေဖို့ရာအတွက် OpenELM models တွေကို ဖြန့်ချီတာဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။ open source models တွေက သုတေသီတွေအတွက် risks တွေ၊ data နဲ့ models တွေရဲ့ ဘက်လိုက်မှုတွေကို လေ့လာရှာဖွေတဲ့နေရာမှာ အထောက်အကူဖြစ်စေမှာပါ။ developers တွေနဲ့ ကုမ္ပဏီတွေကလည်း ဒီ model တွေကို ကိုယ်လိုအပ်သလို ပြုပြင်အသုံးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို open source အနေနဲ့ မျှဝေပေးတာက ပုံမှန်ဆိုရင် Apple ရဲ့ လျှို့ဝှက်မူဝါဒတွေအောက်မှာ ထုတ်ဝေဖို့ရာ မလွယ်တဲ့ သုတေသနစာတမ်းတွေအတွက် အခွင့်အရေးပေးတာကြောင့် Apple အနေနဲ့လည်း ထိပ်တန်း အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို စုဆောင်းအလုပ်ခန့်ဖို့ရာမှာ အထောက်အကူများစွာ ဖြစ်စေပါတယ်။
Apple က ဒီ AI စွမ်းဆောင်ရည်တွေကို သူရဲ့ devices တွေမှာ ထည့်သွင်းထားတာမျိုးမရှိသေးပေမယ့် iOS 18 မှာတော့ AI features အသစ်တွေ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။ အဲ့ဒါအပြင် privacy အတွက် large language models တွေကို device မှာ ထည့်သွင်းအသုံးချသွားမယ်ဆိုတဲ့ ကောလဟာလတွေလည်း ကြားနေရပါတယ်။
Reference: Apple Releases Open Source AI Models That Run On-Device by MacRumors
AMC HACKS