“AI နဲ့ ပုံအတုတွေလုပ်ပြီး ရောင်းစားနေတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းကျောင်းသား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဥာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုပြီး ထင်ရှားကျော်ကြားသူများရဲ့ ရုပ်ပုံများကို ဖန်တီးဖြန့်ဝေမှုနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို Chon Buri ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ Suphanat ဆိုတဲ့ ကျောင်းသားဟာ အလားတူ ပြစ်မှုများအတွက် ယခင်ကလည်းဖမ်းဆီးခံထားရပြီး ပုံ ၁၀၀၀ ကျော်ကို တွေ့ရှိခဲ့ရပါသေးတယ်။

ရဲဗိုလ်ချုပ် Ahip Pongsiwapai ဦးဆောင်သော Cyber Crime Investigation Bureau (CCIB) မှ ဧပြီလ 5 ရက်နေ့မှာ ဖမ်းဆီးခံရမှုဟာ မတ်လအစောပိုင်းက ဖြစ်ပွားခဲ့သော စုံစမ်းစစ်ဆေးမှုရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ အရင်အမှုက ဓါတ်ပုံခြယ်လှယ်ခြင်းအတွက် ဉာဏ်ရည်တုအသုံးပြုခြင်းဆိုင်ရာ သင်တန်းများပို့ချပေးနေတဲ့ ဆရာတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ဒီဆရာဟာ နာမည်ကြီးပုဂ္ဂိုလ်များရဲ့ AI နဲ့ ပြုပြင်ထားတဲ့ ပြတ်သားသောရုပ်ပုံများကို ဖန်တီးရန် ကူညီပေး‌နေခဲ့ပြီး ၎င်းတို့ကို member fee တောင်းကာ private group မှာ ရောင်းချနေခဲ့တာပါ။ ဆက်လက်ပြီး စုံစမ်းမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က အလားတူအပြုအမူများ ကျူးလွန်ခဲ့တဲ့ ထိုဆရာ့ ကျောင်းသားများရဲ့ကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အနုပညာရှင်များ၊ သရုပ်ဆောင်များနဲ့ ကျော်ကြားသူများရဲ့ ဓာတ်ပုံများမှ အဝတ်အစားများကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ဖယ်ရှားရန် မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့်အလွယ် တကူဝင်ရောက်နိုင်သော AI application ကို အသုံးပြုပြီး ပြတ်သားသော ရုပ်ပုံများကို ဖန်တီးခဲ့ကြတာပါ။ ထို့နောက် ဒီဖန်တီးမှုများကို member များက ပါဝင်ခွင့်အတွက် အခကြေးပေးဆောင်ရတဲ့ secret private group တစ်ခုမှာ ရောင်းချနိုင်ဖို့ ပုံတွေတင်ခဲ့ကြတာပါ။

ရဲမှူးကြီး Chisanupong Hwaidi၊ ဒုရဲမှူးကြီး Phubadee Empranit နဲ့ ဒုရဲမှူးကြီး Nawapol Patanibul တို့ပါဝင်သော CCIB အဖွဲ့ဟာ Si Racha ခရိုင် Khao Kansong ဧရိယာရှိ Suphanat ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ စီးနင်းမှုအတွင်း မှတ်စုစာအုပ် ကွန်ပျူတာတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနဲ့ ဘဏ်စာအုပ်တစ်အုပ်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။

စစ်ဆေးမေးမြန်းမှုအပြီးမှာ Suphanat က ဓာတ်ပုံများကို ငွေကြေးအမြတ်အစွန်းအတွက် တည်းဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းတို့ကို private group တစ်ခုသို့ တင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ Cloud စနစ်တစ်ခုမှာသိမ်း ဆည်းထားတဲ့ AI နဲ့ ပြောင်းလဲထားသော ပုံပေါင်း တစ်ထောင်ကျော်ရှိကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စုဆောင်းရရှိထားတဲ့ အထောက်အထားများအရ Suphanat အား ရဲတပ်ဖွဲ့က ဆက်လက်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူရန် CCIB ရဲ့ တတိယမြောက် စုံစမ်းရေးအရာရှိထံ လွှဲပြောင်းပေးခဲ့ကြောင်း KhaoSod က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စကို ကြည့်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်ရာဇ၀တ်မှုများကို ဆန့်ကျင်တိုက်ခိုက်နေရဆဲဖြစ်ပြီး အထူးသဖြင့် တရားမဝင်ပစ္စည်းဖန်တီးခြင်းနဲ့ ဖြန့်ခြင်းအတွက် AI ကို အလွဲသုံးစားလုပ်မှုတွေ ဆက်လက် လုပ်ဆောင်နေကြတုန်းဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့နဲ့ တရားမဝင်လုပ်ဆောင်မှုများအတွက် နည်းပညာရဲ့ခေါင်းပုံဖြတ်ခြင်းကို တားဆီးရန်အတွက် ဒစ်ဂျစ်တယ်နယ်ပယ်မှာ တင်းကြပ်သောသတိရှိမှုနဲ့ ဥပဒေစိုးမိုးမှုလိုအပ်နေသေးကြောင်း ဖော်ပြနေပါတယ်။

Reference: Thai student arrested for using AI to create explicit celebrity images by TheThaiger

AMC HACKS

Related