OpenAI ဟာ တစ်စုံတစ်ယောက်ရဲ့ 15 စက္ကန့်စာ အသံဖိုင်ကနေ ထိုသူ့အသံနဲ့ တူတဲ့ သဘာဝကျတဲ့ speech ကို ဖန်တီးပေးနိုင်တဲ့ text-to-voice tool နဲ့အတူ ပိုမိုကြောက်စရာကောင်းတဲ့ AI ကို ထပ်မံဖန်တီးထားပြန်ပါတယ်။
သို့သော် OpenAI သည်ပင် နည်းပညာကို အလွဲသုံးစားလုပ်မှုဖြစ်နိုင်ချေကို သတိထားပြီး Voice Engine ကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ကြောင်း ပြောကြားထားပြီး လောလောဆယ်မှာ early tester များအတွက်သာ ရရှိနေပြီဖြစ်ပါတယ်။
“လူတွေရဲ့အသံနဲ့ဆင်တူတဲ့ မိန့်ခွန်းတွေဖန်တီးရာမှာ အထူးသဖြင့် ရွေးကောက်ပွဲနှစ်မှာ ထိပ်တန်းရောက်နေတဲ့ အန္တရာယ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်” လို့ ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီမှထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Voice Cloning AI နည်းပညာဟာ အသစ်အဆန်းမဟုတ်သော်လည်း အခြေအနေအမျိုးမျိုးနဲ့အတူ အသုံးပြုနှင့်ထားပြီးဖြစ်ပါတယ်။
ဇန်နဝါရီလမှာ အမေရိကန်ပြည်ထောင်စု အဓိကမဲပေးပွဲမတိုင်မီ သမ္မတဂျိုးဘိုင်ဒင်ကို အတုခိုးပြီး AI မှထုတ်လုပ်ထားတဲ့ စက်ရုပ်ဖုန်းခေါ်ဆိုမှုများဟာ ထောင်နှင့်ချီသောမဲဆန္ဒရှင်များထံ ပေးပို့ခံခဲ့ရပြီး မဲမပေးဘဲနေဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
ရလဒ်အနေနဲ့ US Federal Communications Commission (FCC) က AI မှထုတ်လုပ်ထားသော စက်ရုပ်ခေါ်ဆိုမှုများကို ပြီးခဲ့သည့်လမှာတင် ပိတ်ပင်ခဲ့ရပါတယ်။ AI နဲ့ အယောင်ဆောင်ခြင်းမှတစ်ဆင့်လိမ်လည်ငွေညှစ်တဲ့ လှည့်စားမှုများဟာလည်း ကြီးထွားလာနေတဲ့ စိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနည်းပညာကို ကောင်းတဲ့နေရာတွေမှာ အသုံးပြုလို့ ရနိုင်ပါတယ်။ OpenAI ဟာ ရုတ်တရတ် သို့မဟုတ် ယိုယွင်းနေသော စကားပြောအခြေအနေများကို ခံစားရသော လူနာများအား စကားပြောနိုင်စွမ်းမဆုံးရှုံးမီက ၎င်းတို့ရဲ့အသံကို ယခင်ကပြောထားတဲ့ ဗီဒီယိုများ သို့မဟုတ် အသံပစ္စည်းများနဲ့ ပြန်လည်ရယူပေးခြင်းဖြင့် နည်းပညာဟာ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကို ပြသထားပါတယ်။
စကားမပြောနိုင်သူတွေ စကားပြောရာမှာ အခက်အခဲရှိသူတွေအတွက်လည်း စက်ရုပ်အသံလိုမဟုတ်တဲ့ကိုယ် ပိုင်အသံပေးနိုင်တာမျိုး နောက်ထပ်အသုံးပြုလို့ရတဲ့နည်းလမ်းလည်း ရှိသေးကြောင်း OpenAI က ပြောပြခဲ့ပါသေးတယ်။
“ဒီအသေးစား အသုံးချမှုများဟာ ကျွန်ုပ်တို့ရဲ့ချဉ်းကပ်ပုံ၊ အကာအကွယ်များနဲ့ Voice Engine ကို လုပ်ငန်းနယ်ပယ်အသီးသီးမှာ ဘယ်လို ကောင်းမွန်စွာအသုံးပြုနိုင်သလဲဆိုတာကို သိရှိနိုင်စေဖို့ကူညီပေးပါတယ်” လို့ OpenAI က ၎င်းရဲ့ဘလော့ဂ်ပို့စ်မှာ ပြောကြားခဲ့ပါတယ်။
Voice Engine ကို ယခုအချိန်မှာ OpenAI ရဲ့ ပါတနာအများအပြားအတွက်သာ ရရှိနိုင်ဦးမှာဖြစ်ပြီး ကုမ္ပဏီမှ ခွင့်ပြုချက်မရှိဘဲ အခြားတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းရဲ့ အယောင်ဆောင်ခြင်းကို တားမြစ်တဲ့ ၎င်းတို့ရဲ့ အသုံးပြုမှုမူဝါဒများကို သဘောတူထားတာကြောင့်လို့ ဆိုပါတယ်။
Voice Engine ကို အသုံးပြုခွင့်ရှိတဲ့ ကုမ္ပဏီများမှာ ပညာရေးနည်းပညာကုမ္ပဏီ Age of Learning၊ visual storytelling platform HeyGen နဲ့ ကျန်းမာရေးစနစ် ကုမ္ပဏီ Lifespan တို့ ပါဝင်ပါတယ်။
OpenAI မှ နောက်ထပ် ဘေးကင်းရေး တိုင်းတာမှုမှာ Voice Engine မှ ထုတ်ပေးတဲ့ မည်သည့်အသံ၏ မူလအစကို ခြေရာခံရန် watermarking လုပ်ထားခြင်းဖြစ်ပါတယ်။ မူရင်းပြောသူကို ရှင်းလင်းပြတ်သားစွာ အသိပေးပြီး သဘောတူညီချက် ရရှိနိုင်မှ အသုံးပြုလို့ရမှာဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။
Reference: OpenAI unveils AI voice cloning tech that only needs a 15-second sample to work by EuroNews.Next
AMCHACKS