“AI နဲ့ မောင်းနှင်ထားတဲ့ Nvidia ရဲ့စက်ရုပ်သစ်များ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Nvidia က Project GR00T နဲ့အတူ humanoid စက်ရုပ်နယ်ပယ်ကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ကုမ္ပဏီကအခုသီတင်းပတ်အတွင်းမှာ ကျင်းပတဲ့ developer conference မှာ AI စနစ်ကို ကြေညာခဲ့ပြီးတော့ စာသားက‌နေ ဗီဒီယိုနဲ့ ရုပ်ပုံတွေကို ဖန်တီးခြင်းအပါအဝင် အခြား လုပ်ငန်းဆောင်တာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လောက်အောင် စွယ်စုံရဖြစ်တယ်ဆိုတာကိုပြောကြားခဲ့ပါတယ်။

ပရောဂျက် GR00T (Generalist Robot 00 Technology) က humanoid စက်ရုပ်တွေ natural language ကို နားလည်နိုင်စေဖို့နဲ့ လူကဲ့သို့ရွေ့လျားစေနိုင်ဖို့ လူသားတွေရဲ့လှုပ်ရှားမှုတွေကို သင်ယူလေ့လာ၊ လေ့ကျင့်စေပါတယ်။ ဒါက စက်ရုပ်တွေကို တည်နေရာဆီ သွားလာနိုင်ဖို့နဲ့ လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေရှိပြီးတော့ အပြန်အလှန်တုံ့ပြန်နိုင်စေဖို့ လိုအပ်တဲ့ skills တွေကိုအမြန်ရရှိစေနိုင်ပါတယ်။

“သာမန် humanoid စက်ရုပ်တွေအတွက် အခြေခံအုတ်မြစ် model တွေ တည်ဆောက်ခြင်းက အခုလက်ရှိ AI ခေတ်မှာ ဖြေရှင်းဖို့ရာအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်” လို့ Nvidia CEO ဖြစ်သူ Jensen Huang က ညီလာခံအတွင်းမှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက စက်ရုပ်ပညာရှင်တွေအတွက် AI general robotocis ဆီကို ကူးပြောင်းနိုင်ဖို့ အဆင့်မြင့်နည်းပညာ‌ရပ်တွေက အရှိန် အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲလာနေတာပဲဖြစ်ပါတယ်။

Project GR00T အပြင် Nvidia က Isaac စက်ရုပ်ပလပ်ဖောင်းမှာ ပံ့ပိုးကူညီမှုနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ စက်ရုပ်လက်မောင်းတွေကိုထိန်းချုပ်ဖို့ရာအတွက် Isaac Manipulator နဲ့ အဆင့်မြင့် အမြင်အာရုံစွမ်းရည်တွေကို ပေးစွမ်းနိုင်တဲ့ Isaac Perceptor တို့ပဲဖြစ်ပါတယ်။

လူသားတွေနဲ့ စက်ရုပ်တွေကြားမှာ ချောမွေ့လုံခြုံတဲ့ အပြန်အလှန်ဆက်သွယ်မှုရရှိစေဖို့ရာအတွက် ဗဟိုလုပ်ဆောင်မှုယူနစ်ဖြစ်တဲ့ Jetson Thor ကွန်ပျူတာကိုလည်း အဆင့်မြင့်ဖန်တီးထားပါသေးတယ်။

ယခုသီတင်းပတ်အစောပိုင်းမှာ PYMNTS က AI applications များကို ပိုမိုမြန်ဆန်ထိရောက်စွာလည်ပတ်နိုင်စေခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို ပြန်လည်ပုံဖော်နိုင်မယ်လို့ ကျွမ်းကျင်သူများကပြောနေကြတဲ့ Nvidia ရဲ့ B200 chip ကို စစ်ဆေးခဲ့ပါတယ်။

ချစ်ပ်အသစ်များကြောင့် AI ထုတ်ကုန်များဟာ ပိုမိုစျေးသက်သာပြီး အနာဂတ်မှာ ပိုမိုတွင်ကျယ်စွာရရှိနိုင်တယ်ဆိုတာမျိုး ဖြစ်လာနိုင်ပါတယ်။ Serene Data Ops ရဲ့တည်ထောင်သူ Abdullah Ahmed က ဒါဟာ “cheaper inferencing” လို့ခေါ်တဲ့ အရာကြောင့်ဖြစ်ကြောင်း PYMNTS သို့အသိပေးခဲ့ပါတယ်။

ယခုအချိန်မှစပြီး ကုမ္ပဏီများဟာ ၎င်းတို့ရဲ့လိုအပ်ချက်များအတွက် လုံလောက်ကောင်းမွန်သော B200 ကဲ့သို့သော ချစ်ပ်များနဲ့မောင်းနှင်တဲ့ အခြေခံ AI မော်ဒယ်များကို စတင်အသုံးပြုလာဖွယ်ရှိကြောင်း Ahmed က ပြောကြားခဲ့ပါတယ်။ ‌ထုတ်ပြီးတာနဲ့ ၎င်းတို့ရဲ့ ထုတ်ကုန်များကို ပိုမိုကောင်းမွန်ဖို့နဲ့ ရောင်းချနိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကုမ္ပဏီငယ်လေးတွေလည်း ငွေကုန်ကြေးကျများတဲ့ GPU တွေ မလိုအပ်ဘဲ AI tools တွေကို တီထွင်အသုံးပြုနိုင်တာကြောင့် ကုန်ကျစရိတ်သက်သာပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အသုံးပြုသူ users တွေအတွက် ပိုမိုအဆင်ပြေလာမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက demand များလာတဲ့အချိန်မှာရော Nvidia ရဲ့ စွမ်းဆောင်ရည်ကို ထိန်းထားနိုင်မှုရှိမရှိအပေါ် မူတည်ပါတယ်။

Reference: Nvidia Unveils AI-Powered Humanoid Robot Project by PYMNTs

AMC HACKS

Related