သတင်းထောက်မရဲ့ မတော်မရာကိုကိုင်လိုက်တဲ့ Saudi က AI Robot

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာရှိတဲ့ နည်းပညာပွဲတော်တစ်ခုက အင်တာဗျူးတစ်ခုအတွင်းမှာ fully autonomous ဖြစ်တဲ့ AI robot က သတင်းထောက်တစ်ဦးကို အံအားသင့်စေခဲ့ရပါတယ်။ ဂျာနယ်လစ် Rawya Kassem က မိုဟာမက်အမည်ရစက်ရုပ်ရှေ့မှာ စကားပြောနေတုန်း စက်ရုပ်က ဂျာနယ်လစ်ရဲ့ အနောက်ပိုင်းနေရာတစ်ခုကို ထိလိုက်တဲ့ video က ဆိုရှယ်မီဒီယာမှာ ပျံနှံသွားပါတော့တယ်။

Kassem လည်း ရုတ်တရက် လန့်ဖျန့်သွားပြီး စက်ရုပ်ရဲ့ အဝေးကို နေရာပြောင်းဖို့ အကြံမှာ လက်ကို ဆွဲကိုင်ပြီး ရပ်တန့်ဖို့ကြိုးပမ်းမှုကိုလည်း ကြုံခဲ့ရပါသေးတယ်။ အဲ့အဖြစ်အပျက်နောက်ပိုင်းမှာတော့ Riyadh လည်း ကျင်းပနေဆဲဖြစ်တဲ့ AI အခမ်းအနား DeepFest ရဲ့ presentation ကိုဆက်လက်လုပ်ဆောင်‌နေခဲ့ပါတယ်။

မိုဟာမက်ကို တီထွင်ခဲ့တဲ့ စက်ရုပ်ကုမ္ပဏီ QSS က ဒီစက်ရုပ်ဟာ “ကိုယ်ပိုင်ထိန်းချုပ်ခွင့်အပြည့်” ရှိ‌နေပြီး “လူသားရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ အမှီအခိုကင်းစွာ လည်ပတ်နေပါတယ်” လို့ Metro UK ကို ပြောကြားခဲ့ပါတယ်။

“အခင်းဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းနဲ့ အခြေအနေတွေကို ကျွန်တော်တို့ စေ့စေ့စပ်စပ် သုံးသပ်ကြည့်ပြီးပါပြီ၊ မိုဟာမက်ရဲ့ အပြုအမူတွေက သူလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာနဲ့ သွေဖယ်မှု‌တော့ ရှိမနေခဲ့ပါဘူး” လို့ ဆိုခဲ့ပြီး Robot ရဲ့ လှုပ်ရှားမှု ရှိမယ့်နေရာတွေမှာ တစ်စုံတစ်ယောက်နဲ့မှ နီးနီးကပ်ကပ် မရှိရအောင် နောက်ထပ် မွမ်းမံမှုတွေ  ပြင်ဆင်ပြုလုပ်သွားမယ့်အကြောင်းလည်း QSS ကပြောကြားခဲ့ပါတယ်။

မိုဟာမက်က လူသားများအတွက် အန္တရာယ်ရှိသော အခြေအနေများမှာကူညီပေးနိုင်ရန်နဲ့ လူသားများဘေးကင်းရေး ပိုမို‌ဆောင်ရွက်ကူညီပေးရန် ဒီဇိုင်းထုတ်ထားပြီး စက်ရုပ်ဟာ Kassem ကို ရှေ့သို့ ခြေတစ်လှမ်း လှမ်းပေးရန် တောင်းဆိုနေခြင်း ဖြစ််နိုင်တယ်ဆိုပြီးလည်း လူအချို့က ယုံကြည်နေကြပါတယ်။ QSS က သူတို့သည် safety and well beings ကို အလေးအနက်ထားပြီး စက်ရုပ်တွေရဲ့ သရုပ်ပြမှု‌တွေ အတွင်း စက်ရုပ်များနဲ့ ဘေးကင်းသော အကွာအဝေးမှာ နေရန် တက်ရောက်သူများကို ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

user တစ်ယောက်ကလည်း နှာဘူးတစ်ကောင်လို ဖြစ်အောင်များ code ကို ရေးထားသလားဆိုပြီး စွပ်စွဲထားတာ တွေ့ရပါတယ်။ နောက် user တစ်‌ယောက်ကလည်း မြာပွေတဲ့စက်ရုပ်ဆိုပြီးလည်း ပြောထားပါသေးတယ်။ နောက်ထပ်တွေ့ရတဲ့ comment တစ်ခုကတော့ စက်ရုပ်ကသူ့နာမည်ကို ခေါ်တာ ကြားလိုက်ရတဲ့အတွက် နှုတ်ဆက်ရတော့မယ် အထင်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ရာ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ စက်ရုပ်အမှား မဟုတ်ဘဲ အနီးနားမှာ ရှိနေတဲ့ လူတွေရဲ့အမှားလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မိုဟာမက်ကို ဆော်ဒီအာရေးဗီးယားမှာ တည်ဆောက်ထားပြီး DeepFest အရ ဘာသာစကားနှစ်မျိုးရှိကြောင်း သိရပါတယ်။ “သူ့ရဲ့ဖန်တီးမှုဟာ ဆော်ဒီအာရေးဗီးယားရဲ့ နည်းပညာတိုးတက်မှုနဲ့ ဉာဏ်ရည်ထက်မြက်မှုအပေါ် မယိမ်းယိုင်တဲ့ကတိကဝတ်တွေကို သက်သေပြလိုက်တာပါ” ဆိုပီး သက်ဆိုင်ရာ website မှာလည်း ပြောကြားထားပါတယ်။

“မိုဟာမက်ဟာ ဆော်ဒီအာရေးဗီးယားရဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုကို သတ်မှတ်ပေးမယ့်အပြင် နောင်လာမည့်မျိုးဆက်များကို နည်းပညာဆိုင်ရာ inspiration ရစေမယ့် တီထွင်မှုတစ်ခုဖြစ်လာလိမ့်မယ်” လို့ ဆိုပါတယ်။

Reference: AI robot appears to grope female reporter during live interview in Saudi Arabia: ‘Coded to be a creep!’ by YahooTech

AMC HACKS

Related