“ယာဉ်စည်းကမ်းဖောက်ဖျက်မှုကို AI နဲ့ စောင့်ကြည့်တော့မယ့် ဘန်ကောက်မြို့”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

 

မြို့တော်ရဲ့အစည်ကားဆုံးစီးပွားရေးခရိုင်များထဲမှတစ်ခု ဖြစ်တဲ့ Ratchaprasong ဧရိယာအတွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် ဥာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုထားတဲ့ “Ratchaprasong Model” ပရောဂျက်ကို အစိုးရကအကောင်အထည် ဖော်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ရုံးဝန်ကြီး Puangpet Chunlaiad နဲ့ ဒုဝန်ကြီး Warawut Yanjareon တို့ဟာ Ratchaprasong ဧရိယာအတွင်း သောကြာနေ့မှာ စီမံကိန်းကိုစတင်ခဲ့ပါတယ်။

ဖွင့်ပွဲမှာ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA)၊ ခရီးသွားရဲဗျူရို၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ အဆိုပါဒေသရှိ ကုန်တိုက်များမှ အမှုဆောင်အရာရှိများလည်းပါဝင်ခဲ့ပါတယ်။

ပရောဂျက်ဟာ လမ်းဆုံနဲ့ ချိတ်ဆက်ထားသော လမ်းများပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုများကို သိရှိနိုင်စေဖို့နဲ့ Ratchadamri လမ်းမကြီး အနီးနားနဲ့ ဧရိယာတဝိုက်မှာ လုံခြုံရေးအစီအမံများနှင့် ခရီးသွားများ ယုံကြည်စိတ်ချမှုကို မြှင့်တင်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အသွားအလာ စီမံခန့်ခွဲမှုပုံစံမှာ BMA မှ တီထွင်ထားတဲ့ AI စနစ်ပါရှိပါတယ်။ စျေးဝယ်စင်တာများရှေ့မှာ သုံးမိနစ်ထက် ပိုကြာအောင် ရပ်ထားတဲ့ တက္ကစီများ၊ ဘတ်စ်ကားများနဲ့ တက္ကစီများ အများစုကို ထောက်လှမ်းရန် အသုံးပြုထားတဲ့ CCTV ကင်မရာစနစ်များမှာ ထည့်သွင်းထားပါတယ်။

ယခုကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုဟာ ထိုဧရိယာအတွင်း ပြင်းထန်စွာ ပိတ်ဆို့ခြင်းရဲ့ နောက်ကွယ်မှ အဓိက အကြောင်းအရင်းများထဲမှတစ်ခုဖြစ်ပါတယ်။

“ယာဉ်လိုင်စင်နံပါတ်တွေကို ဖမ်းယူထားတဲ့ CCTV ကင်မရာတွေကနေ လက်မှတ်ထုတ်ပေးတဲ့ အထောက်
အထားအဖြစ် အသုံးပြုသွားမှာဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ရမယ့် ယာဉ်ပိုင်ရှင်တွေဆီ ပေးပို့သွားမှာ ဖြစ်ပါတယ်။ တရားမဝင်ရပ်ထားတဲ့ ယာဉ်တွေကို အချိန်တိုင်း လိုက်ဖမ်းဖို့ ရဲတပ်ဖွဲ့ကို စေလွှတ်လို့မရပါဘူး” လို့ ဘန်ကောက်မြို့ လက်ထောက် အုပ်ချုပ်ရေးမှူး Wisanu Subsompon က ပြောကြားထားတာပါ။ ဘန်ကောက်မြို့ရဲ့ အခြားနေရာများကို လွှမ်းခြုံနိုင်ရန် အဆိုပါစနစ်ကို တိုးချဲ့သွားမှာဖြစ်ကြောင်း ၎င်းက ထပ်မံ သတိပေး ပြောကြားခဲ့ပါတယ်။

Ratchaprasong လမ်းဆုံတဝိုက်မှာ အခြေစိုက်သော အစိုးရအေဂျင်စီများနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပူးပေါင်းပြီး ခရီးသွားအခင်းအကျင်းကို မြှင့်တင်ရန် ဝန်ကြီးချုပ် Srettha Thavisin ရဲ့ ရှေ့ပြေးစီမံကိန်းများထဲမှ တစ်ခုဖြစ်ကြောင်း Ms Puangpet က ပြောကြားထားပါသေးတယ်။

အဆိုပါ အပြောင်းအလဲများအောက်မှာ ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုလျှော့ချနိုင်ရန် မျှော်မှန်းထားတဲ့ ခရီးသည်များအတွက် ယာဉ်ရပ်နားရန်နေရာများ၊ ဆင်းရန်နေရာများနဲ့ စောင့်ဆိုင်းရန်နေရာများ ပံ့ပိုးပေးနိုင်ဖို့ ဧရိယာအတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များနဲ့ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ဆိုထားပါတယ်။

ဒီ AI စနစ်သုံး ယာဉ်လမ်းစောင့်ကြည့်ရေးစနစ်ဟာ ယာဉ်ကြောပိတ်ဆို့မှုကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုမယ့် အစီအမံငါးခုထဲမှာ ပါဝင်ပါတယ်။

အခြားအစီအမံများမှာ ခရီးသွားများနဲ့ Customers များအား ဥပဒေကိုချိုးဖောက်တဲ့ သယ်ယူပို့ဆောင်ရေးကို အသုံးပြုခြင်းမပြုရန် သတိပေးတဲ့ ဆိုင်းဘုတ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေအရ တင်းကြပ်စွာ လိုက်နာဆောင်ရွက်ခြင်းနဲ့ လူမှုရေးဆိုင်ရာ ပိတ်ဆို့မှုများ ပါဝင်ပါတယ်။

Reference: Ratchaprasong applies AI model to ease traffic by Bangkok Post

AMC HACKS

Related