သင့်အတွက် အသုံးဝင်မယ့် Prompt Helper (5) ခု

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ChatGPT တို့ MidJourney တို့လို AI tools တွေက ကိုယ်ပြောရင် ပြောတာကို ပြန်ပြီး ဖန်တီးပေးနိုင်တယ်ဆိုပေမယ့် 1 sentence prompt လိုမျိုးတွေက သိပ်မထိရောက်ဘူး၊ ဒါကြောင့် ဒီ prompt helper tool 5 ခုကို စမ်းသုံးကြည့်ပြီး ပိုကောင်းတဲ့ Prompt တွေ ထုတ်လို့ရပါတယ်။

ChatGPT Prompt Helpers

1. Snack Prompt

Snack Prompt ကတော့ ကျနော့် နံပါတ် () favorite ပါ။ သူ့မှာ အဓိက ကောင်းတာက community ကတင်ပေးတာဖြစ်တော့ စုံတယ် (ကောင်းတာလဲပါသလို မကောင်းတာတွေလဲ ပါတယ်)​ Voting system ပါတော့ အကောင်းဆုံး prompt တွေကို ရှာရတာလွယ်တယ်၊ Prompt ရဲ့ ကိုယ်အစားထိုးရမယ့်နေရာတွေမှာ ၊ ဉပမာ [Industry] ဆိုရင် ကိုယ့်လုပ်ငန်းနယ်ပယ်ကို အစားထိုးရေးရမှာ၊ အဲလိုနေရာမျိုးမှာ အလွယ်တကူရေးလို့ရအောင် side bar မှာ form လေးလုပ်ထားပေးတယ်၊ ပြီးတော့ ဒီ tool က free ပဲ၊ Chrome Extension လဲ ရှိတယ်

https://snackprompt.com/

2. Prompt Pal

Prompt Pal ကကျတော့ ChatGPT တစ်ခုတည်းမဟုတ်ဘူး၊ MidJourney, Bard, Bing, Notion, Dall-E စတဲ့ Ai တွေအကုန်လုံးအတွက် prompt တွေ စုထားပေးတဲ့ နေရာပေါ့။ သူကတော့ အဓိကက Prompt တွေ စုံတာနဲ့ပဲ စားနေတာ။ Free နဲ့ Pro version ရှိတယ်။ Pro prompt တွေက ပိုပြီးတိကျပြီး ပိုကောင်းတဲ့ result ထွက်တာတွေ့ရတယ်။

https://www.promptpal.net/

3. FusionAI

ဒီကောင်ကကျ ထူးခြားတယ်၊ AI ပါ tool မှာ ပါပြီးသား။ သူ့ကို prompt အတိုလေးပဲပေးဖို့ လိုတယ်၊ သူက Prompt အရှည်ကို ပြန်ထုတ်ပေးတယ်။ Detail prompt ပေါ့။ ပြီးရင် အဲဒီ prompt ကိုကြိုက်တယ်ဆိုရင် တစ်ခါတည်း AI ကိုတန်းပြီး result ပေးခိုင်းလို့ရတယ်။ သူပြောတာတော့ သူ့ကိုယ်ပိုင် AI လို့ပြောတယ်။ ဟုတ်ချင်မှလဲ ဟုတ်မယ် ChatGPT ရဲ့ API Key ကို သုံးနေတာလဲဖြစ်ရင် ဖြစ်မယ်။

http://www.fusionai.world/home.html

MidJourney Prompt Helpers

4. Noon Shot

MidJourney prompt ထုတ်ဖို့အတွက်က ဒီကောင်အဆင်ပြေတယ်။ သူ့ကို prompt အတိုတစ်ခု ပေးပြီးရင် တခြားလိုတဲ့ Style, Lighting, Camera, Artist စတာတွေကို လိုက်ရွေးပြီး final prompt ထုတ်ခိုင်းလိုက်လို့ရတယ်။ Inspiration အနေနဲ့သုံးချင်တဲ့ ပုံရှိရင်လဲတင်လို့ရတယ်။

https://prompt.noonshot.com/

5. IMI Prompt

ဒီတစ်ခုကလဲ ပထမတစ်ခုလိုပဲ text based prompt တစ်ခု ပေးပြီး ကျန်တာတွေကို လိုက်ရွေးလို့ရတဲ့ tool ပါပဲ။ တစ်ခုရှိတာက ဒီတစ်ခုက ပထမတစ်ခုထက် detail parameter တွေ ပိုစုံတယ်၊ နောက်တစ်ခုက ios, android app တွေလဲရှိတယ်။

https://www.imiprompt.com/

အိုကေ ဒီလောက်ဆိုရင်တော့ ကောင်းကောင်း prompt တတ်ဖို့ အများကြီး အထောက်အကူရမယ်လို့ ထင်ပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

Related