လယ်ယာမြေတွေမှာ AI စနစ်တွေ စတင်အသုံးပြုလာပြီဖြစ်တဲ့ လယ်သမားတွေ

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Chirrup လို့ခေါ်တဲ့ AI စနစ်တစ်ခုကို Cheltenham မြို့နေ developer တစ်ယောက်ဖြစ်တဲ့ Conrad Young ဆိုသူက တီထွင်ခဲ့ပြီး ထို AI စနစ်ဟာ အရုဏ်တက်မိုးသောက်ချိန် ငှက်သံတွေရဲ့ အသံမှတ်တမ်းတွေကနေ ငှက်တစ်ကောင်ချင်းစီရဲ့ အမျိုးအစားကို ခွဲခြားပေးနိုင်ပါတယ်။

ထိုမှတ်တမ်းတွေကနေ အသံဖိုင်တွေထဲမှာ ငှက်အရေအတွက်နဲ့ အမျိုးအစားက ဘာတွေလဲဆိုတာကို ဖော်ပြပေးနိုင်ပြီး အပင်နဲ့ တိရစ္ဆာန်ခြားနားမှုအဆင့်တွေကို သတ်မှတ်နိုင်ပါတယ်။ အသံမှတ်တမ်းများလေ ပိုပြီးအချက်အလက်တွေ တိတိကျကျ ထွက်လာလေ ဖြစ်အောင် ပြုလုပ်ထားတာပါ။

တီထွင်သူ Mr. Young ကတော့ ထိုစနစ်ကို မိမိနားထောင်ခိုင်းတာနဲ့ လူတစ်‌ယောက်ထိုင်ကြည့်နေသလို 24 နာရီ 7 ရက်လုံးအချိန်ပြည့် နားထောင်နိုင်မှာပါလို့ ညွှန်းထားပါတယ်။

လယ်သမားမန်‌နေဂျာတစ်ဦးဖြစ်သူ Peter Cheek က 1999 တုန်းက Organic Farm အဖြစ်ပြောင်းလဲခဲ့တဲ့ သူ့ရဲ့ Godminster farm မှာ ဒီ AI စနစ်ကို စတင် အသုံးပြုနေပါပြီ။

Mr. Cheek က နေ့စဉ်လယ်အမျိုးမျိုးကို တိုင်းတာနိုင်တဲ့ ငွေကုန်ကြေးကျသက်တာတဲ့ စနစ်လို့ ဆိုထားပြီး ဒီစနစ်ကို အသုံးပြုခြင်းအားဖြင့် ငှက်အမျိုးအစားတွေကို သိရှိနိုင်ကာ သူ့ရဲ့ ဘယ်တွေနဲ့ ကောက်ပဲသီးနှံတွေကို ဘယ်လိုငှက်တွေဆီက ဘယ်လိုကာကွယ်ရမလဲဆိုတာ သိရှိနိုင်လာစေဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။

ဒီ AI စနစ်ဟာ အင်းစက်ပိုးမွားတွေက ဘာတွေလဲ ဘာတွေစားသုံးလဲနဲ့ ဘယ်ငှက်တွေက ဘယ်အင်းစက်ပိုးတွေကို စားသုံးလဲ ဆိုတာကိုပါ ပြောပြပေးပါတယ်။ organic farms တွေဖြစ်တဲ့အတွက် အင်းစက်နှိမ်နင်းရေးဆေးတွေ ဖြန်းလို့မရတာကြောင့် စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေကို ဖျက်စီးတဲ့ အင်းစက်တွေကို ဘယ်ငှက်တွေက စားလဲဆိုတာ သိရှိနိုင်တဲ့ ဒီစနစ်ဟာ အရမ်းအသုံးဝင်ပါတယ်။ ဒါအပြင် အသုံးပြုချိန်ကြာလာတာနဲ့အမျှ စနစ်ဟာလည်း ပိုမိုကောင်းမွန်လာပါတယ်။

Shepton Mallet မှာ လယ်ယာအင်ဂျင်နီယာလုပ်ငန်းတွေ ဦးစားပေးကူညီလုပ်ဆောင်ပေးနေတဲ့ Mike Jones ဆိုသူကတော့ လယ်ယာစိုက်ပျိုးရေးမှာ AI ဟာ တခေတ်ပြောင်းလဲပေးနိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်တယ်လို့ ယုံကြည်ထားပြီး ပတ်ဝန်းကျင်ကောင်းကျိုးတွေ၊ လယ်ယာစီးပွားရေး‌နဲ့ တခြားအရာရာအကျိုးပိုများစေတဲ့ ဒီနည်းပညာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ လေ့လာဖို့ပဲလိုတယ်လို့ ပြောသွားပါတယ်။

Reference: AI: Technology helping farmers monitor wildlife by BBC News

Related