Zoom ဟာ အသုံးပြုသူတွေကို လွတ်သွားတဲ့ meeting တွေအတွက် ပြန်မီနိုင်ဖို့ feature တစ်ခုကို အသုံးပြုခွင့်ပေးလိုက်ပါပြီ။
March လတုန်းက မိတ်ဆက်သွားခဲ့တဲ့ Zoom IQ ဆိုတဲ့ feature ဟာ Zoom Website ထဲက selected plan ထဲမှာ ရောက်ရှိနေပြီဖြစ်ပြီး trial အနေနဲ့ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ Zoom ရဲ့ AI ပါဝင်တဲ့ assistant တစ်ခုဖြစ်တဲ့ Zoom IQ ကို အသုံးပြုပြီးတော့ host တွေဟာ meeting ရဲ့ အကျဉ်းချုပ်ကို AI နဲ့ ထုတ်ပြီး ထို meeting မှာ ပါဝင်တဲ့သူတွေကို Team Chat ကနေဖြစ်စေ Email ကနေဖြစ်စေ ပို့ပေးနိုင်ပါတယ်။ AI က ထုတ်ပေးတဲ့ meeting အကျဉ်းချုပ်ကတော့ ဘယ်လောက်ထိ မှန်လဲ အချက်အလက်စုံလင်လဲဆိုတာ ကိုယ်တိုင်စမ်းကြည့်မှပဲ သိနိုင်မှာဖြစ်ပေမယ့် ယခုလို ထုတ်ပေးနိုင်တာဟာ record လုပ်ထားတဲ့ meeting ကို အစအဆုံးပြန်ကြည့်နေရတာထက်စာရင်တော့ အရမ်းမြန်သွားနိုင်ပါတယ်။
ယခုလို AI က ထုတ်ပေးတဲ့ meeting အကျဉ်းချုပ်အပြင် Zoom ရဲ့ Team Chat မှာလည်း စာတွေကို ပေါင်းစပ်သီကုံးရေးသားနိုင်တဲ့ feature ကိုထည့် မိတ်ဆက်ထားပါသေးတယ်။ ဒီ feature ဟာ OpenAI ရဲ့ နည်းပညာကို အသုံးပြုထားပြီး Team Chat ထဲက အကြောင်းအရာပေါ်မူတည်ပြီး စာကို ထုတ်လုပ်ပေးနိုင်ကာ စာရဲ့ အရည်အသွေးနဲ့ အရှည်ကိုလည်း မပို့ခင် ပြန်လည်ချိန်ညှိနိုင်မှာပါ။
Zoom IQ ရဲ့ ရှိပြီးသား feature တွေဖြစ်တဲ့ meeting တွေကို hightlights နဲ့ chapters တွေ ထုတ်လုပ်ပေးနိုင်တာအပြင် ယခုလို feature အသစ်တွေ ထပ်ထည့်ပေးထားတာပါ။ သိပ်မကြာခင်မှာလဲ Zoom ဟာ စီးပွားဖက်တွေဖြစ်တဲ့ OpenAI နဲ့ Antropic တို့နဲ့ ပူးပေါင်းကာ AI ပါဝင်တဲ့ features အသစ်တွေကို ထပ်မံထုတ်လုပ်သွားဦးမယ်လို့လည်း သိရပါတယ်။
ထပ်ထုတ်မယ့် feature တွေကတော့ ပြီးသွားခဲ့တဲ့ meetings တွေ၊ phone calls တွေ၊ emails တွေထဲက အကြောင်းအရာတွေကို AI အသုံးပြုကာ email အဖြစ်ထုတ်ပေးနိုင်တဲ့ feature နဲ့ Zoom Team Chat ထဲက အကြောင်းအရာတွေကို button တစ်ခုနှိပ်ရုံနဲ့ AI ကနေ အကျဉ်းချုပ် ထုတ်ပေးနိုင်မယ့် feature တွေဖြစ်ပါတယ်။
ဒါ့အပြင် Zoom ဟာ မိမိ meeting ကို နောက်ကျမှ ရောက်ချိန် meeting ထဲက in chat ထဲမှာ ပြောထားတဲ့ စာတွေကို AI ကနေ တစ်ဆင့် မူကြမ်းသဘောမျိုးနဲ့ သိုသိုသိပ်သိပ်ထုတ်ပေးနိုင်မယ့် နည်းလမ်းနဲ့ brainstorming session တွေမှာလည်း ideas တွေကို categories တွေထဲ အလိုအလျှောက်ထည့်ပေးနိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
Zoom ရဲ့ ပြောကြားချက်အရ Zoom IQ features တွေကို အသုံးပြုဖို့ ထည့်တဲ့ အချက်အလက်တွေ၊ စာတွေနဲ့ AI မှ ထုတ်ထားတဲ့ အကြောင်းအရာတွေကို အသုံးပြုသူတွေဆီမှ ယူတယ်လို့ သိရပြီး Zoom IQ ရဲ့ AI models တွေကို train နိုင်ဖို့အတွက် ထိုအချက်အလက်တွေကို အသုံးပြုတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် third party AI models တွေကတော့ ရရှိမှာ မဟုတ်သလို မိမိကိုယ်တိုင် ထိုအချက်အလက်တွေကို မပေးဘူးလို့ ရွေးချယ်ထားရင်လည်း Zoom မှ ရယူ အသုံးပြုမှာ မဟုတ်ပါဘူး။
Zoom အပြင် တခြား productivity platforms တွေဖြစ်တဲ့ Salesforce ရဲ့ Slack နဲ့ Microsoft ရဲ့ 365 တို့ဟာလည်း AI features တွေ ပူပေါင်းထည့်သွင်း အသုံးပြုလာကြပါပြီ။ Slack မှာဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကို ChatGPT အသုံးပြုကာ အကြောင်းပြန်နိုင်ပြီး Microsoft မှာဆို သူ့ရဲ့ 365 apps တွေထဲမှာ AI copilot ကို ထည့်သွင်းလာတာပါ။
ယခုအချိန်မှာတော့ Zoom IQ ရဲ့ meeting summaries နဲ့ chat compose features တွေကိုပဲ trial အနေနဲ့ အချိန်ကန့်သတ်ကာ ထုတ်ပေးသေးတာဖြစ်ပြီး Zoom One ကို subscribe လုပ်ထားသူများသာ ရရှိဦးမှာပါ။ trial ပြီးသွားရင် ထို features တွေကို အသုံးပြုခ ဘယ်လောက်ကုန်ကျမယ်ဆိုတာ မသိသေးပေမယ့် သိပ်မကြာခင်မှာပဲ pricing plan တွေကို ထုတ်ဖော်ပြောပြသွားမယ်လို့ သိရပါတယ်။
Reference: Zoom can now give you AI summaries of the meetings you’ve missed by The Verge