Amazon ကုမ္ပဏီရဲ့ Alexa Voice Assistant ဟာ ကလေးတစ်ယောက်နဲ့ မိဘတွေရဲ့ sensitive ဖြစ်တဲ့ ဒေတာ အချက်အလက်တွေကို နှစ်နဲ့ချီ သိမ်းဆည်းထားတယ်ဆိုတဲ့ စွပ်ဆွဲချက်ကို ကျေအေးပေးဖို့အတွက် FTC ကို ဒေါ်လာ ၂၅ သန်း ပေးခဲ့ရပါတယ်။ Amazon ဟာ မိဘတွေ မေးမြန်းထားတဲ့ ကလေးနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဖျက်ပြစ်ဖို့ တောင်းဆိုထားခဲ့တာတောင်မှ မဖျက်ပြစ်ခဲ့ဘဲ Alexa ကို ပိုကောင်းမွန်အောင် မြှင့်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။
Amazon ဟာ အသုံးပြုသူတွေရဲ့ ဒေတာ အချက်အလက်တွေကို ဖျက်ပြစ်နိုင်ကြောင်းနဲ့ သိမ်းဆည်းမထားကြောင်းကို မကြာခဏဆိုသလို အာမခံပေးခဲ့ပေမဲ့ အမှန်တကယ်မှာတော့ မဖျက်ပြစ်ခဲ့ဘဲ ဥပဒေချိုးဖောက်ကာ သိမ်းဆည်းထားခဲ့ပါတယ်။
FTC ရဲ့ director တစ်ဦးဖြစ်တဲ့ Samuel က “(Amazon ဟာ) မိဘတွေကို လှည့်ဖြားတယ်၊ ကလေးငယ်တွေရဲ့ အချက်အလက်တွေကို အတိုင်းအဆမရှိ သိမ်းဆည်းထားတယ်၊ နောက်ပြီး မိဘတွေရဲ့ ဖျက်ပြစ်ဖို့ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်တွေကိုလည်း မထီမဲ့မြင် ပြုခဲ့တယ်။ (Amazon ဟာ) သူတပါးကိုယ်ရေးကိုယ်တာကို ချနင်းပြီး အကျိုးအမြတ်ကိုသာ ကြည့်ခဲ့တယ်။” လို့ ဆိုခဲ့ပါတယ်။
ထို့နည်းတူ Amazon ရဲ့ Ring ဆိုတဲ့ ကင်မရာပါ doorbell ဟာလည်း ဝယ်ယူအသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ video တွေကို အဆင့်မြှင့်တင်မှုမှာ အသုံးပြုခဲ့ပါသေးတယ်။
စွပ်စွဲချက်အရ Ring မှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာ အသုံးပြုသူတွေရဲ့ အိပ်ခန်း၊ ရေချိုးခန်း စတဲ့နေရာတွေက video တွေကို ကြိုက်တဲ့အချိန်မှာ ကြည့်ရှုနိုင်၊ download လုပ်နိုင်နေတာ ဖြစ်ပါတယ်။
Ring ဝန်ထမ်းတစ်ယောက်ဟာ ထောင်ချီတဲ့ အသုံးပြုသူ မိန်းကလေးတွေရဲ့ အိမ်ထဲက အိပ်ခန်းတွေနဲ့ ရေချိုးခန်းတွေကို ကြည့်ရှုခဲ့ပြီး တခြားဝန်ထမ်းတစ်ဦးက တားဆီးခဲ့မှသာ ကြည့်ရှုတာကို ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။
Amazon ကတော့ FTC ရဲ့ စုံစမ်းစစ်ဆေးမှုက ရရှိတဲ့ အချက်အလက်တွေနဲ့ စွပ်စွဲမှုတွေ အကုန်လုံးကို ငြင်းဆိုထားပြီး ငွေကြေးပေးအပ်ပြီး ကျေအေးတာဟာ ဒီလိုပြဿနာတွေကို မဖြေရှင်းချင်တာကြောင့်လို့ ဆိုခဲ့ပါတယ်။
Ref: Amazon is to pay $25m (£20m) to settle allegations that it violated children’s privacy rights with its Alexa voice assistant by BBC