Palantir ကုမ္ပဏီရဲ့ CEO က သူတို့ရဲ့ AI နည်းပညာအသစ်ဟာ အရမ်း စွမ်းအားကြီးမားတာကြောင့် ရောင်းဖို့တောင် မသင့်ဘူးလို့ ဆိုသွားပါတယ်။
Palanir ရဲ့ AI ထုတ်ကုန်တွေကို US အစိုးရနဲ့ မဟာမိတ်တွေအတွက် ပံပိုးပေးမှာဖြစ်ပြီး စစ်ရေးနဲ့ ကာကွယ်ရေးအတွက် ကူညီပေးမယ်လို့ ယခုလ 1 ရက်နေ့က ကျင်းပတဲ့ Palantir customer conference မှာ Palantir ရဲ့ CEO ဖြစ်သူ Alex Karp ဟာ Bloomberg သတင်းဌာနကို ယခုလို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီ AI tools တွေကို ပြည်တွင်းအာဏာပိုင်တွေကို အသုံးပြုခွင့် ပေးထားရာမှာ သတိထားနေရတယ်လို့ ဆိုထားပါတယ်။ ထိုကိစ္စအတွက် ဘာလုပ်သင့်တယ်ဆိုတာ သူမသိဘူးလို့လည်း ပြောထားပါသေးတယ်။
Palanir ဟာ AI ထုတ်ကုန်တွေအတွက် အရင်ကမရှိခဲ့ဖူးတဲ့ ဝယ်လိုအားကို ဖော်ပြခဲ့ပြီးနောက်မှာ ကုမ္ပဏီရဲ့ stock ဟာ မြင့်တက်လာခဲ့ပါတယ်။ 19 နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ ကုမ္ပဏီမှာ အချက်အလက်အနည်းငယ်ပဲ ကမ်းလှမ်းနိုင်သေးပြီး pricing plan တွေ မရှိသေးပေမယ့်လည်း CEO ဖြစ်သူကတော့ AI tools ဈေးကွက်ဟာ မရေမတွက်နိုင်အောင် ကျယ်ပြန့်ပြီး ဈေးကွက်အတွင်းမှာ အကောင်းဆုံးဆိုတဲ့ ထုတ်ကုန်တွေက သူတို့ဆီမှာ ရှိတာဖြစ်ပြီး ဝယ်ယူသူတွေကလည်း မျှတတဲ့ ဈေးနှုန်းပေးမယ်လို့ ယုံကြည်ပြီးသားပါ ဆိုပြီး ခုခံပြောဆိုထားပါတယ်။
Palanir ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ AIP ခေါ် Artificial Intelligence Platform ဟာ AI ရှုထောင့်ပါ ပါဝင်တဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာ စီစစ်ပိုင်းခြား စုပေါင်းထားတဲ့ software ဖြစ်ပါတယ်။ Airbus SE လိုမျိုး commercial အသုံးပြုသူတွေက အစောပိုင်းထိန်းသိမ်းပြုပြင်ရေး ပြဿနာတွေကို ကြိုတင်ခန့်မှန်းဖို့အတွက် predictive analytics တွေကို အသုံးပြုကြပါတယ်။ US နဲ့ Ukraine ရဲ့ ကာကွယ်ရေးပိုင်းမှာတော့ satellite ပုံရိပ်တွေကို ပုံဖော်အဓိပ္ပါယ်ကောက်ဖို့အတွက် Palanir ရဲ့ AI ကို အသုံးပြုကြပါတယ်။ စစ်ရေးပိုင်းမှာဆိုရင် ဆေးရုံနဲ့ စစ်ရေးပိုင်းအဆောက်အအုံတွေကို ပုံထဲကနေ ခွဲခြားဖို့အတွက် AI ကို အသုံးပြုနိုင်တာပါ။ satellite မှ လာတဲ့ ပုံရိပ်အချက်အလက်တွေကို Palanir ရဲ့ AI software program ထဲကို ထည့်ပြီး ပတ်ဝန်းကျင်မြေအနေအထားကို နားလည်သဘောပေါက်သိရှိနိုင်စေကာ စစ်တပ်အရာရှိတွေအတွက် စစ်မြေပြင်ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အထောက်အကူအနေနဲ့ အသုံးချထားပါတယ်။
လုပ်ငန်းပိုင်းဆိုင်ရာ ဝေဖန်ရေးသမားတစ်ချို့က AI ကို စစ်ရေးပိုင်းမှာ အသုံးပြုမှုတွေအတွက် စိုးရိမ်ကြောင်း ပြောလာခဲ့ပေမယ့်လည်း Palanir ရဲ့ CEO ဖြစ်သူကတော့ တစ်ကမ္ဘာလုံးက ပြိုင်ဘက်တွေထက်စာရင် US ကပဲ ဒီ AI စနစ်တွေကို ရှေ့ဆောင်တီထွင်သင့်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။
ဒီအရာတွေဟာ အန္တရာယ်ရှိသလားဆိုရင် ရှိတာ သေချာပေမယ့်လည်း ပြိုင်ဘက်တွေစီမှာ ဒီနည်းပညာတွေရှိနေတာထက်စာရင် ကိုယ့်စီမှာ အရင်ရှိထားသင့်တယ်လို့ကို ဆိုထားတာပါ။
Palanir ဟာ Russia နဲ့ ယခုတိုင် စစ်ဖြစ်နေတဲ့ Ukraine ကိုလည်း သူတို့ရဲ့ AI softwares တွေကို ထောက်ပံ့ပေးနေခဲ့ပြီး ဒီ software တွေ အကျိုးရှိသလားဆိုတဲ့ အမေးကိုတော့ Russian တွေကိုပဲ မေးကြည့်ပါဆိုပြီး ပြန်လည်တုံ့ပြန်ထားပါတယ်။
CEO ဖြစ်သူ Karp ဟာ သူ့ရဲ့ AI ကို ဝယ်ယူအား ဘယ်လောက် ရှိတယ်ဆိုတာ မပြောပြခဲ့ပေမယ့် ကုမ္ပဏီရဲ့ ပုံမှန်တစ်နှစ်တာအတွက်ရရှိတဲ့ စိတ်ဝင်စားမှုကို တစ်လအတွင်းမှာတင် ရရှိလာခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
တစ်ချို့နည်းပညာပိုင်းက AI နည်းပညာဟာ လုံခြုံစိတ်ချရတယ်လို့ မသေချာမချင်း AI တီထွင်ထုတ်လုပ်မှာကို အရှိန်လျှော့ချသင့်ကြောင်း တောင်းဆိုနေကြပေမယ့်လည်း Karp ကတော့ သူတို့မှာ ယခုလို နည်းပညာမရှိလို့ ထုတ်လုပ်မှု ရပ်စေချင်နေတာလို့ ပြန်လည်ချေပထားပါတယ်။
Reference: Palantir CEO: AI So Powerful ‘I’m Not Sure We Should Even Sell This’ by Yahoo Finance