Alibaba ဟာ April ၁ ရက်နေ့မှာ သူ့ရဲ့ ကိုယ်ပိုင် AI တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ ဒီ AI ဟာ ChatGPT လို Language Model တစ်ခုပဲ ဖြစ်ပြီး တရုတ်ပြည်ထဲမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Alibaba ရဲ့ AI ကို Tongyi Qianwen လို့ အမည်ပေးထားပြီး Google Assistance နဲ့ ပုံစံတူ Assistance Application ဖြစ်တဲ့ Tingwu application ထဲမှာ စတင်စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Tingwu app ဟာ video တွေ၊ ပုံတွေနဲ့ စာတွေကို analyze လုပ်နိုင်ပြီး စာတွေပြန်ထုတ်ပေးနိုင်မယ်၊ ChatGPT လိုမျိုးပဲ သိလိုသမျှ မေးမြန်းနိုင်မယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်နဲ့ တရုတ်ဘာသာစကားတွေကို တိုက်ရိုက်ဘာသာပြန်ပေးမယ့် Google Chrome plugin ကိုလည်း ထည့်သွင်းပေးသွားဦးမှာ ဖြစ်ပါတယ်။ ယခုလောလောဆယ် Tongyi AI ကို Tingwu app ထဲမှာသာ အသုံးပြုလို့ ရဦးမှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ Alibaba ရဲ့ service တော်တော်များများမှာပါ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
တခြား တရုတ်နည်းပညာကုမ္ပဏီကြီးတွေလည်း နိုင်ငံတွင်း AI လောကကို ဦးဆောင်နိုင်ဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ဈေးကွက်ဦးဆောင်မှုရရှိအောင် ပြိုင်ဆိုင်နေကြပါတယ်။ Baidu, Alibaba, JD.com နဲ့ NetEase စတဲ့ ကုမ္ပဏီကြီးတွေက ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ChatGPT နဲ့ ပြိုင်ဆိုင်မယ့် သူတို့ရဲ့ AI plan တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Baidu ရဲ့ Ernie bot, DJ.com ရဲ့ ChatDJ နဲ့ ယခု Alibaba ရဲ့ Tongyi Qianwen လို့ အမည်ရတဲ့ AI တွေဟာ လက်ရှိမှာ အပြိုင်အဆိုင် ဦးဆောင်နေကြပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ChatGPT ကို ပိတ်ပင်ထားတဲ့ တရုတ်အစိုးရဟာ အခုထပ်မံထွက်ပေါ်လာမယ့် တရုတ် AI တွေကို ဘယ်လိုထိပ်ချုပ်ထားမလဲဆိုတာပါပဲ။
Ref: https://www.cnbc.com/2023/04/11/alibaba-to-roll-out-its-rival-to-chatgpt-across-all-its-products.html