Small Business owners, Marketers တွေအတွက် Engaging ဖြစ်တဲ့ Video Content တွေကို အချိန်တိုတွင်းဖန်တီးတတ်ချင်တယ်ဆိုရင် Animoto ဆိုတဲ့ Web-based tool လေးက အကူအညီဖြစ်စေမှာ သေချာပါတယ်။ မိနစ်ပိုင်းအတွင်းမှာ စိတ်ဝင်စားစရာကောင်းမယ့် Product Video တွေကိုဖန်တီးပေးနိုင်မယ့် Tool တခုဖြစ်လို့ စမ်းသုံးကြည့်ဖို့ ညွှန်ပေးလိုက်ပါတယ်။
Animoto ထဲမှာဆိုရင် —–
– ကိုယ့်ရဲ့ Product ဓာတ်ပုံတွေနဲ့ လူတွေစိတ်ဝင်စားတဲ့ ဗီဒီယိုတပုဒ်ဖြစ်အောင် အချိန်တိုတွင်းမှာ အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် Publish လုပ်မယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ Ratio တွေနဲ့အညီ ရွေးချယ်ဖန်တီးနိုင်ပါတယ်။
– စိတ်တိုင်းကျ ပြန်လည်ပြုပြင်နိုင်မယ့် Professional Templates တွေကိုအစုံအလင်ပေးထားပါတယ်။ Business အတွက်၊ Marketing ကြော်ငြာတွေအတွက်, Education နယ်ပယ်အတွက်၊ Personal သုံးအတွက် အစရှိသဖြင့် Templates တွေအစုံပါဝင်ပါတယ်။
– နောက်ခံသီချင်းထည့်ဖို့အတွက် Music Library ပါဝင်ပါတယ်။ ကော်ပီရိုက်လွတ်တဲ့ Track တွေကိုလည်း အခမဲ့ယူသုံးနိုင်တယ်။ ဗီဒီယိုတွေမှာ Background Music ထည့်ချင်တာမျိုးဆိုရင် Animoto ထဲမှာတခါတည်းလုပ်ဆောင်နိုင်ပါတယ်။
– Free Plan နဲ့ပဲ ဗီဒီယိုတွေကို အကန့်အသတ်မရှိထုတ်နိုင်ပြီး 720MB Download ရပါတယ်။ Watermark တွေတော့ပါတယ်။ Paid Plan ဆိုရင်တော့ Feature ပိုစုံပါလိမ့်မယ်။
Small Business Owner တွေ မားကတ်တင်းဗီဒီယိုတွေကို အချိန်တိုတွင်းဖန်တီးနိုင်ဖို့ရာ ကူညီပေးနိုင်မယ့် Tool လေးတခုပဲဖြစ်ပါတယ်။
AMC HACKS