ဒီနေ့တော့ AI အကူအညီနဲ့ ဗီဒီယိုတွေဖန်တီးဖို့ရာအတွက် ပေါ်ပြူလာအဖြစ်ဆုံး Tool တွေထဲက Luman5 နဲ့ Invideo ဆိုတဲ့ Tool နှစ်ခုကိုယှဥ်ကြည့်ကြရအောင်..!
သူတို့နှစ်ခုလုံးက AI-powered Video Creation Tool တွေဖြစ်ပေမယ့် User တွေရဲ့ အဓိက အသုံးချချင်တဲ့နေရာအပေါ်မူတည်ပြီးတော့မှလည်း ဘယ်ဟာကိုသုံးသင့်တယ်၊ ကိုက်ညီတယ်ဆိုတာကို ရွေးချယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒီအတွက် အဓိကကျတဲ့ အချက် (၃)ချက်နဲ့ ယှဥ်ကြည့်မယ်။
(၁) စွမ်းဆောင်ရည်
Luman5 – စာသားတွေကနေ ဗီဒီယိုအဖြစ်အလွယ်တကူပြောင်းပေးနိုင်ပါတယ်။ ဘလော့ပို့စ်တွေ၊ ဆောင်းပါးတွေကို ဗီဒီယိုအဖြစ်ပြောင်းချင်တာမျိုးတွေမှာ သုံးရလွယ်တယ်။ Video editing စကေးတွေ ဘာတွေမလိုဘူး။ Templates, Stock photos, videos, music တွေလည်းပေးထားပါတယ်။
Invideo – Script တွေကို ဗီဒီယိုအဖြစ်ပြောင်းတာ၊ အသံဖိုင်ကနေ ဗီဒီယိုပြောင်းတာတွေလုပ်ဆောင်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေပိုများတယ်၊ Voice over အတွက်လည်းရတယ်။ Templates, Stock photos, videos, music တွေလည်းယူသုံးနိုင်တယ်။ အခြေခံ Video Editing စကေးရှိထားရင် သုံးရတာပိုလွယ်ပါလိမ့်မယ်။
(၂) မြန်ဆန်မှု
Luman5 – စာသားတွေကနေ ဗီဒီယိုအဖြစ် အမြန်ဆုံးပြောင်းလဲပေးနိုင်တာကြောင့် အချိန်တိုတွင်း ဗီဒီယိုတပုဒ်ထွက်ပါတယ်။
Invideo – အသေးစိတ်လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးရတာကြောင့် ဗီဒီယိုတပုဒ်ထွက်ဖို့အတွက် အချိန်ယူရပါတယ်။
(၃) အသုံးကျမှု
Luman5 – ဘလေ့ာပို့စ်တွေ၊ ဆိုရှယ်မီဒီယာအတွက် ဗီဒီယိုအတိုလေးတွေဖန်တီးရာမှာ အသုံးချနိုင်ပါတယ်။ ဥပမာ – Tik Tok မှာတွေ့နေရတဲ့ AI Content အတိုလေးတွေ။
Invideo – Script တွေကနေ ဗီဒီယိုရှည်ဖန်တီးတာ၊ Stories ဖန်တီးတာအတွက် အသုံးချနိုင်ပါတယ်။ ဥပမာ – YouTube မှာတွေ့ရတဲ့ နောက်ခံသမိုင်းကြောင်းတွေ။
Video Creation အတွက် ပေါ်ပြူလာဖြစ်နေပေမယ့် ဘယ်ဟာသုံးရမလဲမသိလို့ စမ်းကြည့်ဖို့ ကြံနေတယ်ဆိုရင် အခုပြောသွားတဲ့ အချက်တွေက အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
AMC HACKS