“ငွေကြေးသုံးစွဲမှုတွေကို စီမံခန့်ခွဲပေးနိုင်မယ့် YNAB”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

နေ့စဥ်အသုံးစရိတ်တွေစီစစ်နိုင်ဖို့၊ လစဥ်ဝင်ငွေ/ထွက်ငွေ တွက်ချက်နိုင်ဖို့၊ မလိုလားအပ်တဲ့ ငွေကြေးသုံးစွဲမှုတွေကို လျှော့ချနိုင်ဖို့ရာအတွက် သိပ်ကိုမှအသုံးဝင်မယ့် YNAB ဆိုတဲ့ App လေးတခုအကြောင်းပြောပြပါမယ်။

YNAB (You Need A Budget) ဆိုတဲ့ App ထဲမှာဆိုရင် —

၁။ ကိုယ့်ရဲ့ငွေကြေးအသုံးစရိတ်တွေကို ကဏ္ဍအလိုက်ခွဲမှတ်ထားပြီးတော့ စီမံနိုင်ပါတယ်။ ဥပမာ ကိုယ့်ရဲ့အသုံးစရိတ်၊ အိမ်အသုံးစရိတ်၊ မီတာခတွေ၊ ခွေးကြောင်မွေးထားတယ်ဆိုရင်လည်း သူတို့ရဲ့ကုန်ကျစရိတ်တွေကိုပါ စနစ်တကျခွဲခြားမှတ်ထားနိုင်ပါတယ်။

၂။ ဘဏ်အကောင့်တွေနဲ့ချိတ်ဆက်ပြီးတော့ လစဥ်/နှစ်စဥ်၊ ဝင်ငွေ/ထွက်ငွေ တွေကို စာရင်းမှတ်ထားပေးနိုင်ပါတယ်။

၃။ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ ရည်မှန်းချက်နဲ့ ‌ငွေစုဆောင်းနိုင်ဖို့အတွက်လည်း စီမံပေးနိုင်တယ်။ ရည်မှန်းချက် Goal တွေသတ်မှတ်ထားပြီး စုဆောင်းဖို့ စီစဉ်ပေးနိုင်ပါတယ်။

တခုရှိတာက Currency မှာ MMK တော့မပါပါဘူး။
စမ်းသုံးကြည့်ဖို့ တလစာ Free ပေးထားတယ်။
Android, iOS နှစ်ခုလုံးအတွက် App Download ရပါတယ်။

စမ်းကြည့်ကြည့်ပါ။

AMC HACKS

Related