“ဖုန်းထဲထည့်ထားဖို့ အကောင်းဆုံး Podcasts Apps (၃)ခု”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အားလပ်ချိန်တွေမှာ Podcast နားထောင်ရတာကြိုက်တဲ့သူတွေအတွက် Online, Offline နားထောင်နိုင်မယ့် Podcast Player Apps တွေဖြစ်ပါတယ်။

📌 Podbean – Education, Business, Entertainment အစရှိတဲ့ Categories တွေအများကြီးရှိပြီး တခုချင်းစီအောက်မှာမှ နောက်ထပ်ကဏ္ဍလေးတွေ ထပ်ခွဲပေးထားပါသေးတယ်။ Live တွေလည်းနားထောင်လို့ရတယ်။ အကောင့်ဖွင့်သုံးရတာဖြစ်ပြီး ကိုယ်ပိုင် Podcasts တွေဖန်တီးပြီးတော့ အကောင့်မှာတင်ထားလို့လည်း ရပါတယ်။

📌 Podcast Addict – သူလည်းပဲ Categories တွေအများကြီးရှိပါတယ်။ Download ထားပြီးတော့ Offline နားထောင်လို့လည်းရတယ်။ TED Talks, The Big 80s Station စတဲ့နာမည်ကြီး ချယ်နယ်တွေလည်းရှိပါတယ်။

📌 Pocket Casts – Pocket Casts ထဲမှာလည်း ကလေးတွေနဲ့ပတ်သက်လို့ အကြောင်းအရာ ကောင်းတွေရှိတယ်။ Parenting ချယ်နယ်မျိုးတွေရှိတယ်။ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ စတဲ့ ခေါင်းစဉ်တွေပေါ့။ သူလည်းပဲ Download ပြီး Offline နားထောင်လို့ရပါတယ်။

Podcasts တွေကနေတဆင့် အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်လည်း အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

AMC HACKS

Related