“Subscribe လုပ်ထားသင့်တဲ့ YouTube Channels များ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့တော့ Business Management, Leadership, Mindset, Productivity Tips တွေကိုလေ့လာသင်ယူနိုင်မယ့် YouTube Channels တွေကိုစုပေးလိုက်ပါတယ်။

Brian Tracy – http://www.youtube.com/@BrianTracyOfficial

Leadership, Business အပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော်တော်များများရှိပါတယ်။ Public Speaking ကောင်းအောင်လေ့ကျင့်နည်းတွေ၊ Teamwork ကောင်းဖို့ဦးဆောင်နည်းတွေ၊ လက်တွေ့အသုံးချနည်းတွေကိုလေ့လာနိုင်မယ့်ချယ်နယ်တခုပါ။

The Art of Improvement – http://www.youtube.com/@TheArtofImprovement

ဒီချယ်နယ်မှာဆိုရင် Mindset အကြောင်းတွေ၊ Personal Development အတွက်သင်ခန်းစာတွေ၊ လုပ်ငန်းခွင်မှာပြဿနာနည်းဖို့ရာ ရှောင်ရန်ဆောင်ရန်လေး‌တွေကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။

GaryVee – http://www.youtube.com/@garyvee

လုပ်ငန်းရှင်တွေအနေနဲ့ Subscribe လုပ်ထားသင့်တဲ့ ချယ်နယ်တခုပါပဲ။ စီးပွားရေးအတွက် Marketing Tips တွေ၊ လမ်းညွှန်ချက်တွေအများကြီးကိုလေ့လာနိုင်မှာပါ။

The Furtur – http://www.youtube.com/@thefutur

Marketing, Sales, Mindset, Productivity Tips တွေကိုတင်ပေးတဲ့ ချယ်နယ်တခုဖြစ်ပါတယ်။ သူ့ဆီက Content တွေလည်းတကယ်ကောင်းပါတယ်။

Thomas Frank – http://www.youtube.com/@Thomasfrank

ဒီချယ်နယ်ကတော့ တခုခုလုပ်ဖို့ အချိန်ဆွဲတတ်တဲ့သူတွေ၊ အလေ့အကျင့်ကောင်း တည်ဆောက်ချင်တဲ့သူတွေ အတွက်ပါ။

Improvement Pill – http://www.youtube.com/@ImprovementPill

နာမည်အတိုင်းပဲ ဒီချယ်နယ်လေးမှာလည်း လေ့လာစရာတွေများပါတယ်။ Topic ဆန်းဆန်းလေးတွေရှိတယ်။ Inspire ယူစရာတွေ၊ မထင်မှတ်ထားတဲ့ သင်ခန်းစာတွေတွေ့ရတယ်။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related