“Content Writer တွေအတွက်ဖုန်းထဲဆောင်ထားဖို့ App (၅)ခု”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ဒီနေ့တော့ Content Writer တွေအတွက် ဖုန်းထဲဆောင်ထားသင့်တဲ့ မဖြစ်မနေလိုအပ်မယ့် App တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ Content ရေးတိုင်းခေါင်းစားစရာတွေ လျှော့ချပေးနိုင်မယ့် App တွေပေါ့။

၁။ Myanmar Spelling(DMNL) – စာလုံးပေါင်းသတ်ပုံတွေကို ဝေခွဲရခက်နေတယ်၊ ရောနေတယ်ဆိုရင် ဒီ App ထဲမှာတိုက်စစ်ကြည့်လို့ရပါတယ်။ သူ့ထဲမှာ ‌လေ့ကျင်ရန်မေးခွန်းတွေကိုလည်း စုစည်းပေးထားပါသေးတယ်။ စာလုံးပေါင်းမှန်မှ နေသာထိုင်သာရှိတယ်ဆိုတဲ့ Content Writer တွေအတွက် ဆောင်ထားသင့်တဲ့ App ပါပဲ။

၂။ Grammarly AI – ဒါကတော့ English Version အတွက်ပါ။ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါအမှားတွေကို ထောက်ပြပေးနိုင်မယ့် App ဖြစ်ပါတယ်။ English Content တွေရေးတဲ့အခါ မဖြစ်မနေလိုအပ်မှာပါ။

၃။ Evernote – မှတ်စု၊ အိုင်ဒီယာ၊ အရေးကြီးတဲ့အချက်အလက်တွေကို စနစ်တကျစုသိမ်းဖို့ရာအတွက်ပါ။ တော်တော်များများဖုန်းထဲမှာပါတဲ့ Note တွေက စာရေးလိုက်ရင် အဆင်မပြေတာ၊ Error ဖြစ်တာကခပ်များများမို့ သီးသန့် Note App တွေသုံးရတာပိုအဆင်ပြေပါတယ်။

၄။ Canva – Design Tool ဖြစ်ပေမယ့် Content Writer တွေနဲ့လည်း အကျွမ်းတဝင်ရှိထားသင့်တဲ့ App ဖြစ်ပါတယ်။ Content အတွက်လိုအပ်တဲ့ ဒီဇိုင်းအကြံဉာဏ်တွေပေးနိုင်ဖို့၊ ဒီဇိုင်းနဲ့ပတ်သက်တဲ့အခြေခံ Knowledge တွေကိုလေ့လာဖို့အတွက် မဖြစ်မနေလိုအပ်မယ့် Tool ဖြစ်ပါတယ်။

၅။ Chat GPT – အိုင်ဒီယာထုတ်ဖို့ မဖြစ်မနေလိုအပ်မယ့် App ဖြစ်ပါတယ်။ သိချင်တဲ့မေးခွန်းတွေ၊ Content Idea တွေကိုထုတ်ခိုင်းလို့ရပါတယ်။ Content Writer တွေအနေနဲ့ အိုင်ဒီယာပျောက်တာ ခဏခဏကြုံရတာမို့ မဖြစ်မနေဆောင်ထားသင့်တဲ့ App လေးပါပဲ။

အဆင်ပြေပါစေခင်ဗျာ။

AMC HACKS

Related