“Google Calendar ကိုအကျိုးရှိရှိဘယ်လိုအသုံးချမလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ရုံးသုံး၊ ပါဆင်နယ်သုံး အချိန်စီမံခန့်ခွဲဖို့အတွက်ဆိုရင် Google Calendar ကအမှန်တကယ် အသုံးကျတဲ့ကောင်လေးပါ။ တော်တော်များများ ဖုန်းထဲမှာရှိပေမယ့် မသုံးဖြစ်ကြဘူးထင်လို့ သူ့ရဲ့ အသုံးကျပုံလေးတွေမျှဝေပေးလိုက်ပါတယ်။

– Appointment, Meeting အရေးကြီးတဲ့ရက်စွဲတွေကို မှတ်ချင်တဲ့အခါမှာ တိတိကျကျမှတ်ထားလို့ရတယ်။ အချိန်၊ နေရာ၊ အကြောင်းအရာအသေးစိတ်တွေကိုထည့်‌ရေးမှတ်လို့ရတယ်။

– Task တွေအတွက် Deadline သတ်မှတ်ထားခိုင်းလို့ရတယ်။ တပတ်၊ တလ စသဖြင့်ကြိုပြီး Remind လုပ်ခိုင်းလို့ရတယ်။

– အဖွဲ့လိုက်လုပ်ဆောင်ချက်တွေရှိတဲ့အခါမှာ အဖွဲ့သားတွေရဲ့ Gmail acc ကိုထည့်ပြီး Scheduled လုပ်ထားလိုက်ရင် မေ့သွားမှာမျိုး ပူစရာမလိုတော့ဘူး။

– Event, Meeting တွေအတွက်သုံးတဲ့အခါမှာ Google Docs, Google Sheets တို့နဲ့ချိတ်သုံးလို့ရတယ်။ Attachment ထည့်လို့ရတယ်။

Note ထဲမှာပဲမှတ်ထားပြီး မေ့သွားတာ၊ Deadline ကျော်သွားတာတွေဖြစ်တတ်တဲ့သူတွေအတွက်ပါ။

AMC HACKS

Related