Copyleaks က content တစ်ခုဟာ plagiarism ဟုတ်မဟုတ် ခွဲခြားပေးနိုင်တဲ့ content verification platform တစ်ခုပဲ ဖြစ်ပါတယ်။ Copyleaks မှာ ဆိုရင်
1. Plagiarism Detection – Copyleaks က ပညာရပ်ပိုင်းဆိုင်ရာစာတမ်းတွေ၊ web စာမျက်နှာတွေနဲ့ အခြားရင်းမြစ်တွေ အစရှိတဲ့ များပြားလှတဲ့ data တွေနဲ့ စစ်ဆေးလိုတဲ့ content ကို scan ဖတ်၊ နှိုင်းယှဉ်ပြီးတော့ plagiarism ဟုတ်မဟုတ်ကို ဆန်းစစ်ပါတယ်။
2. Multilingual Support – ဘာသာစကားမျိုးစုံကိုလည်း ထောက်ပံ့ပေးထားတာကြောင့် ဘာသာစကားအမျိုးမျိုးနဲ့ content တွေကို စစ်ဆေးဖို့ရာ လိုအပ်တဲ့ ကမ္ဘာတစ်ဝှမ်းက user တွေအတွက် အသုံးဝင်ပါတယ်။
3. AI and Machine Learning – plagiarism ကို ဆန်းစစ်တဲ့နေရာမှာ accuracy မြှင့်တင်နိုင်ဖို့ရာအတွက် AI နဲ့ machine learning algorithms တွေကို အသုံးပြုထားပါတယ်။
4. Real-Time Monitoring – content တစ်ခုကို အလွဲသုံးစား အသုံးပြုထားလားဆိုတာကို စဉ်ဆက်မပြတ် စစ်ဆေးနိုင်ဖို့ရာအတွက် real-time content monitoring ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
5. Educational Tools – Copyleaks က ကျောင်းသားတွေ plagiarism နဲ့ မူရင်း ရေးသားသူကို တန်ဖိုးထားဖို့ရာ ဘယ်လောက်အရေးပါကြောင်းကို သင်ကြားပေးနိုင်မယ့် educational tools တွေလည်း ထောက်ပံ့ပေးထားပါတယ်။
Copyleaks က educators တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ content ဖန်တီးသူတွေအတွက် content တစ်ခုဟာ မူရင်းဟုတ်မဟုတ် ဆန်းစစ်တဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။