ဝန်ထမ်းတွေကြားမှာ communication နဲ့ collaboration ကို မြှင့်တင်ပေးနိုင်မယ့် platform, Microsoft Teams

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Microsoft Teams က team members တွေ communication နဲ့ productivity ကို မြှင့်တင်နိုင်ဖို့ရာ ဖန်တီးထားတာဖြစ်ပြီးတော့ Office 365 နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ platform တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft Teams မှာ ဆိုရင်

1. Chat and Messaging – Microsoft Teams မှာ အဖွဲ့သားအချင်းချင်း တိုက်ရိုက်ဖြစ်စေ၊ group နဲ့ ဖြစ်စေ စာတိုပေးပို့နိုင်ပါတယ်။

2. Video and Voice Calls – တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဗီဒီယိုခေါ်ဆိုနိုင်ပြီးတော့ အသံ file တွေလည်း ပေးပို့နိုင်ပါတယ်။

3. File Sharing and Collaboration – users တွေက Word၊ Excel နဲ့ PowerPoint လိုမျိုး Office apps တွေ အသုံးပြုပြီးတော့ ဖိုင်တွေမျှဝေကာ စာရွက်စာတမ်းတွေကို အချိန်နဲ့တပြေးညီ ပူးပေါင်းဆောင်ရွက် ပြင်ဆင်နိုင်စေပါတယ်။

4. Channels – သက်ဆိုင်ရာ ပရောဂျက်တွေ အကြောင်းအရာတွေအတွက်လည်း channel တွေ ဖန်တီးခွင့်ပေးထားပါတယ်။

5. Meetings and Scheduling – app မှာ ပါဝင်တဲ့ calendar ကို အသုံးချပြီးတော့ အစည်းအဝေးတွေ အချိန်ဇယားဆွဲတဲ့နေရာမှာ လွယ်ကူစေပါတယ်

Teams ကို ဝန်ထမ်းတွေကြားမှာ communication နဲ့ collaboration ကို မြှင့်တင်ဖို့ရာအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

Related