Lumen5 က users တွေ စာသားဖော်ပြချက်တွေကနေ ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေ ပြောင်းလဲနိုင်ဖို့ရာ ကူညီပေးတဲ့ video creation platform တစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုတွေကို marketing ပိုင်းမှာ အသုံးချလိုတဲ့ marketers တွေ၊ content ဖန်တီးသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အသုံးဝင်ပါတယ်။ Lumen5 မှာ ဆိုရင်
1. AI-Powered Automation – AI အသုံးပြုပြီးတော့ blog post တွေ ဆောင်းပါးတွေနဲ့ တခြား အစရှိတဲ့ စာသားဖော်ပြချက်တွေကနေ video အဖြစ် ပြောင်းလဲပေးပါတယ်။
2. Drag-and-Drop interface – ဗီဒီယိုတွေကို အလွယ်တကူ တည်းဖြတ်ပြင်ဆင်နိုင်ဖို့အတွက် drag-and-drop interface ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
3. Media Library – users တွေက ၎င်းတို့ရဲ့ ဗီဒီယိုထဲမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ တေးဂီတတွေကို ထည့်သွင်းနိုင်ဖို့အတွက် Media Library ထောက်ပံပေးထားပါတယ်။
4. Text Overlay နှင့် Animations – ပိုမိုဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေ ဖန်တီးနိုင်ဖို့ရာအတွက် text overlays၊ animations နဲ့ transitions တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
5. Branding Options – users တွေက ၎င်းတို့ရဲ့ လိုဂိုတွေ၊ သက်ဆိုင်ရာ အရောင်တွေနဲ့ အခြား အမှတ်တံဆိပ်ဆိုင်ရာ elements တွေကိုလည်း အလွယ်တကူ ထည့်သွင်းလို့ ရပါတယ်။
Lumen5 က ဗီဒီယိုတည်းဖြတ်မှုပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှု မရှိဘဲ ဗီဒီယိုတွေကို လျင်မြန်ထိရောက်စွာ ဖန်တီးလိုသူတိုင်းအတွက် အသုံးဝင်ပါတယ်။