Clickup နဲ့ Notion ပြိုင် ဘယ်သူနိုင်

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ClickUp နဲ့ Notion တို့ကို နှိုင်းယှဉ်ကြည့်ရင်က တူညီတဲ့အချက်တွေ များစွာရှိပါတယ်။ ဒီ application နှစ်ခုစလုံးက တစ်ဦးတစ်ယောက်ချင်းစီအတွက်ပဲ ဖြစ်စေ အဖွဲ့လိုက်အတွက်ပဲ ဖြစ်စေ productivity တက်စေဖို့ရာအတွက် ရည်ရွယ်ပါတယ်။ နှစ်ခုစလုံးက ပြောင်းလွယ်ပြင်လွယ်ပြီးတော့ ကိုယ့်ရဲ့ workflow နဲ့ ကိုက်ညီဖို့ရာအတွက်လည်း အလွယ်တကူပြုပြင်လို့ ရပါတယ်။

Notion ထက်စာရင် Clickup ကို ရွေးချယ်သင့်တဲ့အချက်တွေက
– ClickUp ရဲ့ feature set တွေက Notion ထက် သိသိသာသာပိုမိုကျယ်ပြန့်ပြီးတော့ calendar၊ time tracking၊ screen recording နဲ့ စာတိုအမြန်ပို့ပေးတာတွေ ပါဝင်ပါတယ်။
– Clickup က ကိုယ်ပိုင် dashboard တွေကို ဖန်တီးခွင့်ပေးတဲ့အပြင် သက်ဆိုင်ရာ တိုင်းတာချက်တွေနဲ့ စွမ်းဆောင်ရည်ကိုပါ tracking လိုက်လို့ ရစေပါတယ်။
– Notion ထက်စာရင် Clickup က ပိုပြီး အသေးစိတ်ကျတဲ့ user roles တွေနဲ့ permission တွေကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
– အဖွဲ့အစည်းငယ်တွေအတွက်ဆိုရင်လည်း Clickup မှာ ပိုပြီး သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြုလို့ ရပါတယ်။

Clickup ထက်စာရင်လည်း Notion ကို ရွေးချယ်သင့်တဲ့အချက်တွေ ရှိပါသေးတယ်။
– Notion က Clickup ထက် setup လုပ်ရတာ ပိုမိုလွယ်ကူပြီးတော့ ပြန်လည်ပြုပြင်ဖို့ရာလည်း အများကြီး မလိုအပ်ပါဘူး။
– Notion က content တွေကို ပြင်ပမှာ ထုတ်ဝေပေးနိုင်ဖို့ရာအတွက်လည်း ပိုမိုလွယ်ကူပါတယ်။
– အချို့သောအသုံးပြုသူတွေက Notion ရဲ့ application design က ပိုမိုနားလည်သဘောပေါက်လွယ်ပြီး အသုံးပြုရတာ smooth ဖြစ်တယ်လို့ ဆိုပါတယ်။
– Notion က တစ်ဦးတစ်‌ယောက်ပဲ အသုံးပြုမယ်ဆိုရင်က အခမဲ့ဖြစ်တဲ့အတွက် ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့ရာနဲ့ ဝါသနာအရ ပရောဂျက်ဖန်တီးချင်တာတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

ClickUp နဲ့ Notion ကို နှိုင်းယှဉ်ပြီး ဘယ် app က winner ဖြစ်တယ်ဆိုတာ သတ်မှတ်လို့တော့ မရပါဘူး။ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ အသုံးဝင်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။

Related