အသုံးပြုရလွယ်ကူပြီး ယုံကြည်ရတဲ့ cloud storage service, Dropbox

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Dropbox က user တွေအတွက် အင်တာနက်ချိတ်ဆက်မှုရှိတဲ့ device တိုင်းမှာ file တွေကို online မှာ သိမ်းဆည်းနိုင်ဖို့နဲ့ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ရာအတွက် cloud ပေါ် အခြေခံတဲ့ file storage and synchronization service တစ်ခု ဖြစ်ပါတယ်။ Dropbox ကို Drew Houston နဲ့ Arash Ferdowsi တို့က 2007 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ Dropbox မှာ ဆိုရင်

1. File Storage and Backup – Dropbox က cloud မှာ file တွေ လုံခြုံစွာသိမ်းဆည်းနိုင်ဖို့ရာ ထောက်ပံ့ပေးထားပါတယ်။ user တွေက စာရွက်စာတမ်း‌တွေ၊ ဓာတ်ပုံ‌တွေ၊ ဗီဒီယိုတွေနဲ့ တခြား file တွေကို Dropbox account မှာ upload လုပ်နိုင်ပြီးတော့ online မှာ backup အနေနဲ့ ထားရှိနိုင်ပါတယ်။

2. Synchronization – Dropbox မှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေကို အသုံးပြုသူရဲ့ account နဲ့ ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတိုင်းမှာ အလိုအလျောက် sync လုပ်နိုင်ပါတယ်။

3. File Sharing and Collaboration – Dropbox မှာ user တွေက file တွေကို တခြား user တွေနဲ့လည်း မျှဝေခွင့်ပေးထားပါတယ်။

4. Plans and Pricing – Dropbox မှာ storage နဲ့ advanced features တွေအတွက် မိမိနဲ့ သင့်လျော်တဲ့ pricing plan တွေကို ရွေးချယ်လို့ ရပါတယ်။

5. Platform Availability – Dropbox ကို web browser တွေက တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့ Windows၊ macOS နဲ့ Linux အတွက် desktop app တွေအပြင် iOS နဲ့ Android device တွေအတွက် mobile app တွေလည်း ရှိပါတယ်။

Dropbox ရဲ့ အသုံးပြုရလွယ်ကူမှုနဲ့ ယုံကြည်စိတ်ချရမှုတွေကြောင့် Dropbox ဟာ လူကြိုက်အများဆုံး cloud storage service တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Related