Loom မှာ video တွေကို အလွယ်တကူ မှတ်တမ်းရယူကာ မျှဝေနိုင်တဲ့အတွက် communication နဲ့ collaboration ကို လွယ်ကူရိုးရှင်းစေတဲ့ video messaging platform တစ်ခုပဲ ဖြစ်ပါတယ်။ Loom မှာ ဆိုရင်
1. Video Recording – Loom မှာ users တွေက သူတို့ရဲ့ screen၊ webcam တို့ကိုသာမကဘဲ နှစ်ခုလုံးကို တပြိုင်နက် မှတ်တမ်းရယူနိုင်ပါတယ်။ ဒီအတွက်ကြောင့် video message တွေ tutorial တွေနဲ့ presentation တွေကို ဖန်တီးရာမှာ ပိုမိုလွယ်ကူစေပါတယ်။
2. Instant Sharing – ဗီဒီယိုတစ်ခုကို မှတ်တမ်းတင်ပြီးတာနဲ့ တပြိုင်နက် မျှဝေလို့ရတဲ့ link တစ်ခုကို ချက်ချင်းထုတ်ပေးပါတယ်။
3. Viewer Engagement – Loom ရဲ့ video တွေမှာ emoji reaction တွေ၊ လက်ရှိ timestamp ထည့်လို့ရတာမျိုးတွေနဲ့ playback speed control တွေ ပါဝင်တာကြောင့် ကြည့်ရှုသူတွေဆီက ပိုမိုစိတ်ဝင်စားမှုရရှိစေပါတယ်။
4. Video Editing – Loom မှာ ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ်လုပ်တာ နဲ့ thumbnail ထည့်တာမျိုးစတဲ့ အခြေခံ editing features တွေ ပါဝင်ပါတယ်။
5. Platform Availability – Loom ကို web applicationနဲ့ chrome extension အနေနဲ့သာမကဘဲ Windows နဲ့ macOS တို့မှာလည်း desktop apps အနေနဲ့ အသုံးပြုနိုင်ပါတယ်။
Loom ဟာ video မှတဆင့် information တွေကို လျင်မြန်ထိရောက်စွာ ဖြန့်ဝေပေးနိုင်တာကြောင့် ပညာရေးပိုင်း၊ customer ဝန်ဆောင်မှုပိုင်းနဲ့ remote work environment တွေမှာ အသုံးပြုကြပါတယ်။