အဖွဲ့သားတွေရဲ့ communication နဲ့ collaboration ကို အထောက်အပံ့ဖြစ်‌စေမယ့် tool, Chanty

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Chanty က work environment မှာ productivity မြှင့်တင်နိုင်ဖို့ရာအတွက် ဒီဇိုင်းထုတ်ထားတဲ့ အဖွဲ့လိုက် ပူးပေါင်း၊ ဆောင်ရွက်၊ ဆက်သွယ်ဖို့ရာ အထောက်အပံ့ဖြစ်တဲ့ tool တစ်ခုပဲ ဖြစ်ပါတယ်။ Chanty မှာ ဆိုရင်

1. Messaging – Chanty မှာ team members တွေကို အချိန်နဲ့တပြေးညီ ဆက်သွယ်ပြောဆိုနိုင်စေဖို့ရာအတွက် direct စာပို့တာနဲ့ အဖွဲ့လိုက် စာပို့တာ‌တွေကို ဆောင်ရွက်လို့ရပါတယ်။ စာသားတင်မကဘဲ အသံနဲ့ ဗီဒီယို တွေလည်း ပို့လို့ ရပါတယ်။

2. Task Management – users တွေက ဘယ် message ကို မဆို task တစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ဒီ task ကို သက်ဆိုင်ရာအဖွဲ့ဝင်ထံ တာဝန်ပေးခြင်းနဲ့ deadline တွေ သတ်မှတ်ခြင်းတို့ အပြင် အလုပ်ပြီးမြောက်မှုအခြေအနေကိုလည်း ခြေရာခံနိုင်ပါတယ်။ ဒီလို အဖွဲ့သားအချင်းချင်း ဆက်သွယ်ပြောဆိုခြင်းနဲ့ အလုပ်စီမံခန့်ခွဲမှုကို ပေါင်းစပ်နိုင်မှုက အလုပ်အသွားအလာတွေကို ချောမွေ့စေပါတယ်။

3. File Sharing – Chanty ရဲ့ chat အတွင်းမှာ ဖိုင်တွေနဲ့ စာရွက်စာတမ်းတွေကို လွယ်ကူစွာ မျှဝေနိုင်ပါတယ်။

4. Search Functionality – Chanty မှာ users တွေက message တွေ၊ task တွေနဲ့ file တွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့ရာအတွက်လည်း search feature ထောက်ပံ့ပေးထားပါတယ်။

5. Integration – Chanty က Trello၊ Asana၊ Google Drive၊ Dropbox နဲ့ အခြားသော application တွေနဲ့လည်း ပေါင်းစပ်ထားပါသေးတယ်။

6. Teambook – tasks တွေ၊ conversation တွေနဲ့ မျှဝေထားတဲ့ content တွေကို တစ်နေရာတည်းမှာ စုစည်းပေးနိုင်တာက Chanty ရဲ့ သူမတူတဲ့ feature တစ်ခုဖြစ်ပြီးတော့ အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲရာမှာ ပိုမိုလွယ်ကူသွားစေပါတယ်။

Chanty က အဖွဲ့သားအချင်းချင်း ပြောဆိုဆက်သွယ်ရေးနဲ့ လုပ်ငန်းဆောင်တာတွေ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့ ဖန်တီးထားတဲ့ platform ပဲ တစ်ခုဖြစ်ပါတယ်။

Related