လုပ်ငန်းခွင်အစည်းအဝေးတွေကို အချိန်ဇယားဆွဲဖို့ရာ အထောက်အကူဖြစ်စေတဲ့ online scheduling tool, Calendly

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Calendly က လူတစ်ဦးတစ်ယောက်ချင်းအတွက်သာမက စီးပွားရေးလုပ်ငန်းတွေမှာ အစည်းအဝေးတွေနဲ့ appointments တွေကို အချိန်ဇယားဆွဲတဲ့နေရာမှာ အထောက်အကူဖြစ်စေတဲ့ online scheduling tool တစ်ခုပဲ ဖြစ်ပါတယ်။ Calendly မှာ

1. Automated Scheduling – user တွေက သူတို့အားလပ်တဲ့အချိန်ကို သတ်မှတ်နိုင်ပြီးတော့ သက်ဆိုင်ရာ link ကို အခြားသူတွေနဲ့ မျှဝေလို့ ရပါတယ်။ ဒီနည်းနဲ့ တစ်ဖက် user က နှစ်ယောက်လုံး အားလပ်မယ့်အချိန်ကို ရွေးချယ်သတ်မှတ်လို့ ရမှာ ဖြစ်ပါတယ်။

2. Integration – Calendly က Google Calendar၊ Outlook၊ Office 365 နဲ့ iCloud လိုမျိုး calendar system အမျိုးမျိုးနဲ့လည်း ပေါင်းစပ်ထားပါ‌သေးတယ်။ ဒီနည်းနဲ့ ကြိုတင် booking ယူထားပြီးသား အစီအစဉ်တွေက user ရဲ့ သက်ဆိုင်ရာ calendar မှာ အလိုအလျောက်ပေါ်လာမှာဖြစ်ပြီး နှစ်ခါ booking ယူမိတဲ့ အခြေအနေတွေကို တားဆီးပေးနိုင်ပါတယ်။

3. Customization – user တွေက ၎င်းတို့ရဲ့ အားလပ်မယ့်အချိန်ကို စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်သလို အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြား နားချိန်နဲ့ တစ်နေ့မှာ အစည်းအဝေးအရေအတွက် ဘယ်နှကြိမ်ပဲ ပြုလုပ်မယ်ဆိုတာကိုပါ ကန့်သတ်နိုင်ပါတယ်။

4. Reminders and Notifications – Calendly က အစည်းအဝေးတွေကို မေ့သွားနိုင်ခြေ လျှော့ချနိုင်ပြီးတော့ host နဲ့ တက်ရောက်မယ့်သူတွေထံ အလိုအလျောက် အီးမေးလ်သတိပေးချက်တွေနဲ့ အတည်ပြုချက်တွေကိုလည်း ပေးပို့ပေးပါတယ်။

5. Integration with Other Tools – calendar system တွေအပြင် Calendly က Zoom၊ Microsoft Teams၊ Slack၊ Salesforce သာမက အခြား tools တွေနဲ့ပါ ပေါင်းစပ်ထားတာကြောင့် မတူညီတဲ့ လုပ်ငန်းခွင်တွေမှာလည်း အသုံးပြုရလွယ်ကူစေပါတယ်။

Calendly က အချိန်ဇယားဆွဲတဲ့လုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေပြီးတော့ လူတစ်ဦးချင်းစီအတွက်သာမက အဖွဲ့အစည်းတွေအတွက်ပါ အချိန်ကုန်သက်သာစေပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

Related