Hootsuite က users တွေ dashboard တစ်ခုတည်းကနေ social media accounts များစွာကို စီမံခန့်ခွဲနိုင်ဖို့ရာ အထောက်အကူပြုတဲ့ social media management platform တစ်ခုပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ marketers တွေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီက ၎င်းတို့ရဲ့ social media activities တွေကို စီမံခန့်ခွဲနိုင်ဖို့ရာ features များစွာကို ထောက်ပံ့ပေးထားပါတယ်။ Hootsuite မှာ ဆိုရင်
1. Content Scheduling – user တွေက Facebook၊ Twitter၊ LinkedIn၊ Instagram နဲ့ အခြား social media platform တွေမှာ မိမိရဲ့ content တွေကို အချိန်တစ်ခုသတ်မှတ်ပြီး post တင်လို့ရပါတယ်။ ဒါကြောင့် online မှာ အဆက်မပြတ်ရှိနေဖို့ရာ မလိုအပ်ဘဲ post တင်မယ့်အချိန်ကိုလည်း တသမတ်တည်း ထိန်းသိမ်းနိုင်ဖို့ရာ အကူအညီဖြစ်စေပါတယ်။
2. Monitoring – Hootsuite မှာ social media conversation တွေ၊ brand ကို mention တာတွေနဲ့ hashtags တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်ဖို့ရာ tools တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
3. Analytics – social media posts တွေနဲ့ campaign တွေရဲ့ စွမ်းဆောင်ရည်ကို ခြေရာခံနိုင်ဖို့ရာအတွက်လည်း analytics features တွေကို ထောက်ပံ့ပေးထားပါတယ်။
4. Integration – Hootsuite က Google Drive၊ Dropbox၊ Canva နဲ့ အမျိုးမျိုးသော CRM system တွေနဲ့လည်း ပေါင်းစပ်ထားပါသေးတယ်။ user တွေရဲ့ လက်ရှိ လုပ်ငန်းအသွားအလာများကို ချောမွေ့စေပြီး productivity မြှင့်တင်ပေးနိုင်ပါတယ်။
5. Content Library – content တွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပိုမိုထိရောက်စေဖို့အတွက် မီဒီယာဖိုင်တွေနဲ့ ပို့စ်တွေကို စုစည်းပေးနိုင်ပြီး ပြန်လည်အသုံးချနိုင်ဖို့ရာ အကူအညီဖြစ်စေတဲ့ library ကိုလည်း ထိန်းသိမ်းထားနိုင်ပါတယ်။
Hootsuite က social media စီမံခန့်ခွဲမှုကို ရိုးရှင်းလွယ်ကူစေပြီး users တွေကို အချိန်ကုန်သက်သာစေခြင်း၊ engagement တွေ တိုးဖို့ရာ အထောက်အပံ့ဖြစ်စေခြင်းနဲ့ social media activities တွေရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာပေးတဲ့ ပြီးပြည့်စုံသော tool တစ်ခုပဲ ဖြစ်ပါတယ်။