content တွေရဲ့ performance ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ social media analytics tool, BuzzSumo

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

BuzzSumo က content research ပိုင်းနဲ့ social media analytics ပိုင်းအတွက် ဖန်တီးထားတဲ့ online tool တစ်ခု ဖြစ်ပါတယ်။ users တွေ အင်တာနက်ပေါ်မှာရှိတဲ့ ရေပန်းအစားဆုံး content ကို ခွဲခြားသတ်မှတ်နိုင်ဖို့၊ ခေတ်ရေစီးကြောင်းနဲ့အညီ trend တွေကို နားလည်နိုင်ဖို့နဲ့ မိမိရဲ့ ကိုယ်ပိုင် content အပြင် ပြိုင်ဘက် content တွေရဲ့ စွမ်းဆောင်ရည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ရာ ကူညီပေးပါတယ်။ BuzzSumo မှာ ဆိုရင်

1. Content Discovery – BuzzSumo မှာ user တွေက social media platform အမျိုးမျိုးမှာ မျှဝေမှုအများဆုံးနဲ့ ခေတ်စားနေတဲ့ content တွေကို ရှာဖွေနိုင်ပါသည်။

2. Social Media Analytics – Facebook၊ Twitter၊ LinkedIn၊ Pinterest နဲ့ Instagram တို့လိုမျိုး မတူညီတဲ့ social media platform တွေပေါ်မှာ content တွေရဲ့ အခြေအနေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ‌ပေးပါတယ်။ ဒီနည်းနဲ့ user တွေဟာ ဘယ်လို content ပုံစံတွေက ဘယ် social media မှာ ပိုပြီး သင့်လျော်တယ်ဆိုတာ သိရှိနိုင်ပါတယ်။

3. Competitor Analysis – BuzzSumo မှာ ပြိုင်ဘက်တွေရဲ့ content performance ကိုလည်း ခြေရာခံနိုင်ပါတယ်။

4. Content Alerts – users တွေက keyword စကားလုံးတွေ၊ brand တွေနဲ့ ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိပေးချက် ရယူနိုင်ပါတယ်။ ဒီအတွက်ကြောင့် လုပ်ငန်းနဲ့ဆက်စပ်တဲ့ အကြောင်းအရာအသစ်တွေနဲ့ ခေတ်ရေစီးကြောင်းအရ trends တွေရဲ့အကြောင်းကိုလည်း သိရှိနိုင်ပါတယ်။

5. API Access – advanced users တွေနဲ့ software ရေးသားသူတွေအတွက် BuzzSumo က ၎င်းရဲ့ဒေတာတွေကို ကိုယ်ပိုင် application တွေမှာ သက်ဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ်ပြသနိုင်ဖို့ရာအတွက်လည်း API အသုံးပြုခွင့်ကို ပေးထားပါတယ်။

BuzzSumo ကို content marketers တွေ၊ ဆိုရှယ်မီဒီယာမန်နေဂျာ‌တွေ၊ SEO ကျွမ်းကျင်ပညာရှင်တွေနဲ့ digital marketers တွေက content ပိုင်းဆိုင်ရာ ဗျူဟာတွေကို မြှင့်တင်နိုင်ဖို့၊ engagement တိုးလာစေဖို့နဲ့ ၎င်းတို့ရဲ့ website ထဲကို အဝင်အထွက် များလာစေဖို့ရာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။

Related