BambooHR က အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ HR လုပ်ငန်းတာဝန်တွေကို ထိရောက်စွာစီမံခန့်ခွဲနိုင်ဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ cloud-based human resources (HR) software တစ်ခုဖြစ်ပါတယ်။ BambooHR မှာဆိုရင်
1. Employee Information Management – ဝန်ထမ်းဒေတာအားလုံးကို ဗဟိုချုပ်ကိုင်ထားတာကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ အလုပ်မှတ်တမ်းတွေနဲ့ အခြားသက်ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို ရယူဖို့နဲ့ ပြုပြင်ဖို့ရာ လွယ်ကူစေပါတယ်။
2. Application Tracking System (ATS) – အလုပ်ခေါ်စာတွေကို စီမံခန့်ခွဲတာ၊ အလုပ်လျှောက်လွှာတွေကို အကဲခတ်တာ၊ အင်တာဗျူးတွေကို အချိန်ဇယားဆွဲတာနဲ့ candidate တွေကို ဆက်သွယ်အကြောင်းကြားတာ စတဲ့ လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စေပါတယ်။
3. Payroll Integration- လစာပေးချေမှုလုပ်ငန်းစဉ်ကို ချောမွေ့စေပြီး အချိန်နဲ့တစ်ပြေးညီ ငွေပေးချေနိုင်ဖို့ကိုလည်း သေချာစေပါတယ်။
4. Benefits Administration- ကျန်းမာရေးအာမခံ၊ အငြိမ်းစားအစီအစဉ်တွေနဲ့ အခြားခံစားခွင့်တွေအပါအဝင် စတဲ့ ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်တွေကိုလည်း စီမံခန့်ခွဲနိုင်ပါတယ်။
5. Employee Self-Service – ဝန်ထမ်းတွေက မိမိရဲ့ အချက်အလက်တွေကို ကိုယ်တိုင် ပြင်ဆင်နိုင်ပါတယ်။ portal ကနေတဆင့် ကုမ္ပဏီရဲ့ မူဝါဒတွေကို ကြည့်ရှုနိုင်တဲ့အတွက် HR ရဲ့ တာဝန်ကိုလည်း လျှော့ချပေးပါတယ်။
6. Mobile App – iOS နဲ့ Android နှစ်မျိုးလုံးအတွက် mobile application တွေလည်း ထောက်ပံ့ပေးထားပါတယ်။
BambooHR က HR စီမံခန့်ခွဲမှုကို ရိုးရှင်းစေဖို့နဲ့ အဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့ရာ ရည်ရွယ်ပါတယ်။ အသုံးပြုရလွယ်ကူတဲ့ interface ရှိတဲ့အပြင် features တွေ စုံတာကြောင့် HR လုပ်ငန်းစဉ်တွေကို ချောမွေ့စေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကြားမှာ ရေပန်းစားတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။