WordPress က coding အတွေ့အကြုံမရှိပေမယ့် website တွေ blog တွေ ဖန်တီးချင်တဲ့သူတွေကြားမှာ ရေပန်းစားတဲ့ content management system တစ်ခုပဲ ဖြစ်ပါတယ်။ WordPress ကို အသုံးပြုပြီး website တွေ ဖန်တီးတာအတွက်က free အသုံးပြုခွင့်ပေးထားပါတယ်။
1. Open-source Platform: WordPress ဟာ open source ဖြစ်တဲ့အတွက် ဘယ်သူမဆို source code ကို ပြုပြင်နိုင်ပြီးတော့ software ကို ပြန်လည်မျှဝေနိုင်ပါတယ်။ WordPress ကို ပိုမိုကောင်းမွန်စေတဲ့ open-source community တစ်ခုလည်း ရှိပါတယ်။
2. Beginner Friendly: WordPress က နည်းပညာသမားမဟုတ်တဲ့သူတွေ အသုံးပြုနိုင်ဖို့ရာ အဓိက ဖန်တီးထားတာဖြစ်ပြီးတော့ interface design ကလည်း အသုံးပြုရလွယ်ကူပါတယ်။
3. SEO friendly: WordPress နဲ့ ဖန်တီးထားတဲ့ မိမိရဲ့ website ထဲကို ဝင်ရောက်ကြည့်ရှူသူများပြီး ဆက်စပ်တဲ့အကြောင်းအရာကို search engine မှာ ရှာဖွေတိုင်း တွေ့ရများစေဖို့အတွက်လည်း SEO plugins တွေကို အသုံးပြုလို့ ရပါတယ်။
4. All Media Type: WordPress က media type တွေကိုလည်း ကန့်သတ်ထားတာ မရှိတဲ့အတွက် စာတွေ ပုံတွေ ဗီဒီယိုတွေကိုလည်း မိမိရဲ့ website မှာ အသုံးပြုလို့ ရပါတယ်။
5. Security: plugins တွေကို update ဖြစ်အောင်ထားပြီး password တွေကို လုံခြုံအောင်ထားနိုင်သရွေ့ WordPress က secure အဖြစ်ဆုံး CMS platform တွေထဲက တစ်ခုလို့ ဆိုရပါမယ်။
6. Pricing: WordPress ကို အသုံးပြုတဲ့အတွက် အခကြေးငွေပေးစရာမလိုပေမယ့် မိမိရဲ့ website ကို online ကနေ အသုံးပြုနိုင်ဖို့အတွက်က third-party hosting provider ကိုတော့ အခကြေးငွေ ပေးဖို့ရာ လိုအပ်ပါတယ်။
WordPress က စျေးကွက်မှာ ရေပန်းအစားဆုံး open-source platform တစ်ခုဖြစ်ပြီးတော့ 2023 ခုနှစ်မှ W3Techs ရဲ့ အဆိုအရ website အားလုံးရဲ့ 43% ကျော်ကို WordPress သုံးပြီး ဖန်တီးထားတယ်လို့ ဆိုပါတယ်။ WordPress က လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့်ကတည်းက ရပ်တည်လာတာပဲ ဖြစ်ပါတယ်။