Rippling က စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးမျိုးသော စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို လွယ်ကူချောမွေ့စေဖို့ရာ ဖန်တီးထားတဲ့ ပြီးပြည့်စုံတဲ့ workforce management platform တစ်ခုပဲ ဖြစ်ပါတယ်။ Rippling မှာ ဆိုရင်
1. Onboarding/Offboarding: ဝန်ထမ်းသစ်တွေ ဝင်ရောက်တာနဲ့ ဝန်ထမ်းတွေ အလုပ်ထွက်တဲ့ကိစ္စရပ်တွေအတွက် လွယ်ကူချောမွေ့စေပါတယ်။
2. Benefits Administration: Rippling မှာ ကျန်းမာရေးအာမခံ၊ အငြိမ်းစားယူမယ့်အစီအစဉ်တွေနဲ့ အခြားခံစားခွင့်များအပါအဝင် ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်များကိုလည်း စီမံခန့်ခွဲလို့ ရပါတယ်။
3. Time and Attendance: ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ချိန်ကို ခြေရာခံနိုင်ပြီးတော့ လုပ်ခလစာနဲ့လည်း တွက်ချက်ပေါင်းစပ်ပေးနိုင်ပါတယ်။
4. Integrations: တခြား third-party applications တွေနဲ့လည်း ပေါင်းစပ်ထားတာကြောင့် လက်ရှိ မိမိရဲ့ လုပ်ငန်းမှာ အသုံးပြုနေတဲ့ tools တွေနဲ့ Rippling ကို ချိတ်ဆက်ရလွယ်ကူစေပါတယ်။
5. User-Friendly: interface design ကလည်း လွယ်ကူရိုးရှင်းတဲ့အတွက် HR ကျွမ်းကျင်ပညာရှင်တွေသာမကဘဲ ဝန်ထမ်းတွေအကုန် အလွယ်တကူအသုံးပြုလို့ ရပါတယ်။
Rippling က စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိမိရဲ့လုပ်ငန်းတိုးတက်မှုအပေါ်မှာ ပိုမိုအာရုံစိုက်နိုင်စေဖို့ရာ ရည်ရွယ်ပါတယ်။