Apple က သူရဲ့ ကာလရှည်ကြာစောင့်မျှော်ခဲ့ရတဲ့ AI နည်းပညာဖြစ်တဲ့ Apple Intelligence ကို ကြေငြာခဲ့ပါတယ်။ Apple Intelligence ဟာ AI ရဲ့ အလွန်ဖြစ်တဲ့ personal intelligence (ကိုယ်ရေးကိုယ်တာ ဉာဏ်ရည်ဉာဏ်သွေး) ကို အလေးပေးထားတဲ့အကြောင်းကို CEO Tim Cook က အလေးပေးပြောဆိုခဲ့ပါတယ်။
သူရဲ့ စွမ်းဆောင်ရည်တွေဟာ
1. Context-driven notifications: Apple Intelligence ဟာ ဘယ် notifications တွေက ကိုယ့်ကိုယ်ရေးကိုယ်တာ အကြောင်းအရာအရ အရေးကြီးတယ်ဆိုတာကို ခွဲခြားနိုင်စွမ်းရှိပါတယ်။
2. Writing improvements: Apple Intelligence က third-party apps တွေပေါ်မှာရှိတဲ့ စာတွေကို စီစစ်ပြုပြင်တာနဲ့ ရေးပုံရေးနည်း ပြုပြင်နိုင်တာတွေကိုလည်း ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
3. Image generation: ကိုယ့်ရဲ့ photo library ပေါ်မှာ မူတည်ပြီးတော့ generative photos style အဖြစ် Sketch, Illustration နဲ့ Animation ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။
4. Cross-application tasking: Apple Intelligence က မိမိရဲ့apps တွေကို ဝင်ရောက်စူးစမ်းလေ့လာနိုင်ပြီးတော့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မိတ်ဆွေတစ်ယောက်ပို့ပေးထားတဲ့ files တွေကို ဆွဲထုတ်ဖို့ရာ Apple Intelligence ကို တောင်းဆိုလို့ ရပါတယ်။
5. Focus on personal context: Apple Intelligence က ကိုယ့်ရဲ့ activity တွေနဲ့ ပတ်သက်ပီးတော့လည်း ခြေရာခံလိုက်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ အစည်းအဝေးအပြောင်းအလဲတစ်ခုကြောင့်မို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကတိကဝတ်ပြုထားတာမျိုးတွေအတွက် နောက်ကျနိုင်လားဆိုတာကို မေးမြန်းနိုင်ပါတယ်။
Apple Intelligence က သုံးစွဲသူတွေရဲ့ ဒေတာက လျှို့ဝှက်ပြီး လုံခြုံမှုရှိကြောင်း သေချာစေဖို့ရာ Apple Silicon ကို အသုံးပြုပြီးတော့ အထူး server တွေပေါ်မှာ cloud-based မော်ဒယ်တွေကို အသုံးချမယ်လို့ ဆိုပါတယ်။