အသေးစားလုပ်ငန်းတွေမှာ ငွေကြေးပိုင်းဆိုင်ရာကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ရာ အသုံးဝင်တဲ့ tool, Wave Accounting

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Wave Accounting က စီးပွား‌ရေးလုပ်ငန်းငယ်တွေ၊ freelancer တွေနဲ့ စွန့်ဦးတီထွင်သူတွေအတွက် cloud ပေါ်မှာ အခြေခံတဲ့ စာရင်းကိုင်ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Wave Accounting မှာ ဆိုရင်

1. Accounting and Bookkeeping: ဝင်ငွေ၊ ထွက်ငွေနဲ့ အမြတ်အစွန်းတွေကို ခြေရာခံလိုက်လို့ ရပါတယ်။

2. Invoicing: ငွေပေးချေမှုသတိပေးချက်တွေနဲ့ အတူ invoices တွေကို ဖန်တီး၊ ပြုပြင်၊ ပေးပို့ပေးပါတယ်။

3. Bank Connections: ငွေအသွင်းအထုတ်တွေအတွက် bank account နဲ့ credit card တွေကိုလည်း Wave Accounting မှာ ချိတ်ဆက်ထားလို့ ရပါတယ်။

4. Payroll: Wave Accounting မှာ ဝန်ထမ်းလစာနဲ့ အခွန်တွေကို စီမံခန့်ခွဲနိုင်ဖို့ရာအတွက် အခကြေးငွေနဲ့ ဝန်ဆောင်မှုလည်း ရယူလို့ ရပါတယ်။

5. Reports: အမြတ်အရှုံးစာရင်းရှင်းတမ်း‌တွေ၊ လက်ကျန်ရှင်းတမ်းတွေနဲ့ ငွေသားစီးဆင်းမှုရှင်းတမ်းတွေလိုမျိုး ဘဏ္ဍာရေးအစီရင်ခံစာတွေကိုလည်း ဖန်တီးလို့ ရပါတယ်။

6. Security: Wave Accounting မှာ အသုံးပြုသူတွေရဲ့ data တွေကို အကာကွယ်ပေးနိုင်ဖို့ ဘဏ်အဆင့် လုံခြုံရေးတိုင်းတာမှုတွေနဲ့ ဆောင်ရွက်ထားပါတယ်။

7. Support and Resources: အသုံးပြုသူတွေအတွက် customer support တွေ guidelines တွေနဲ့ community forum လည်း ထားရှိပေးပါတယ်။

Wave Accounting က အသေးစားလုပ်ငန်းတွေမှာ ငွေကြေးပိုင်းဆိုင်ရာကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ရာအတွက် အသုံးဝင်တဲ့ tool တစ်ခုပဲ ဖြစ်ပါတယ်။

Related