Canva က users တွေ graphic design content တွေ ဖန်တီးနိုင်ဖို့ရာ အထောက်အကူပြုတဲ့ online ကနေ အသုံးပြုလို့ရတဲ့ နာမည်ကြီး tool တစ်ခုပဲ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတွေသာမကဘဲ အခုမှ စလေ့လာမယ့်သူတွေပါ အသုံးပြုရလွယ်အောင် ဖန်တီးထားပါတယ်။ Canva မှာ ဆိုရင်
1. Templates- ဆိုရှယ်မီဒီယာပို့စ်တွေ၊ presentation file တွေ၊ ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ business cards တွေနဲ့ အစရှိတဲ့ ထိုကဲ့သို့ templates file ပေါင်းများစွာကို ထောက်ပံ့ပေးထားပါတယ်။ ဒီ template တွေကနေ အစပြုပြီးတော့ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတာကို ပြောင်းလဲပြုပြင်လို့ ရပါတယ်။
2. Drag-and-Drop Interface: Canva ရဲ့ drag-and-drop interface (ui တွေကို အလွယ်တကူ ထည့်ပြီး design ဖန်တီးနိုင်ခြင်း) ဟာ Canva ရဲ့ နာမည်ကြီးရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။
3. Elements and Media: users တွေက ပုံတွေ၊ icon တွေ၊ ရုပ်ပုံသဏ္ဍာန်ပေါင်းစုံတွေနဲ့ font မျိုးစုံကိုလည်း အသုံးပြုလို့ ရပါတယ်။ တချို့ပုံတွေနဲ့ ဗီဒီယိုတွေကို free အသုံးပြုလို့ရပြီးတော့ တချို့ပုံတွေကိုတော့ Canva Pro subscription နဲ့မှပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
4. Collaboration: Canva မှာ users အများအပြားက design တစ်ခုပေါ်မှာ အတူတကွ တပြိုင်နက်တည်း ပြုပြင်လို့ ရပါတယ်။ ဒါကတော့ အဖွဲ့အစည်းတွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။
5. Customization: users တွေက templates တွေမှာ အရောင်တွေ font တွေ size တွေနဲ့ တခြား design နဲ့ ပတ်သက်ရာတွေကိုလည်း မိမိလိုအပ်ချက်အတိုင်း ပြုပြင်လို့ ရပါတယ်။
6. Brand Kit: စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် design တွေ အကုန်လိုက်လျောညီထွေ ရှိဖို့ရာအတွက် logo တွေ အရောင်တွေ font တွေကို သိမ်းထားတာနဲ့ စီမံခန့်ခွဲလို့ရစေတဲ့ Brand Kit feature ကိုလည်း ထောက်ပံ့ပေးပါသေးတယ်။
7. Export Options: design တွေကို PNG, JPEG, PDF အစရှိတဲ့ format အစုံနဲ့ ထုတ်လို့ရပါတယ်။
8. Mobile and Web Apps: users တွေဟာ Canva ကို web application အနေနဲ့သာမက mobile apps အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။
9. Learning Resources: Canva က အသုံးပြုသူတွေ သူတို့ရဲ့ ဒီဇိုင်းစွမ်းရည်ကို တိုးတက်စေဖို့ရာအတွက် tutorial တွေ courses တွေကိုလည်း ထောက်ပံ့ထားပါသေးတယ်။
Canva ရဲ့ အသုံးပြုရလွယ်ကူပြီးတော့ အစွမ်းထက်လှတဲ့ tools တွေကြောင့် အရည်အသွေးမြင့် design တွေကို အလွယ်တကူ ဖန်တီးနိုင်ပါတယ်။
AMC HACKS