Jira က issue တွေကို ခြေရာခံဖို့ရာနဲ့ agile project တွေကို စီမံခန့်ခွဲဖို့ရာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ Atlassian ကနေ ထုတ်လုပ်ထားတဲ့ tool ပဲ ဖြစ်ပါတယ်။ Jira ဟာ software project တွေကို plan ဆွဲခြင်း၊ ခြေရာခံလိုက်ခြင်းနဲ့ စီမံခန့်ခွဲ့နိုင်ဖို့ရာတွေမှာ အထောက်အကူဖြစ်စေပါတယ်။
Jira မှာ ဆိုရင်
1. Issue Tracking: users တွေက issues တွေကို ဖန်တီးတာ၊ ပြုပြင်တာနဲ့ issue ရဲ့ အခြေအနေကို သိနိုင်ဖို့ရာမှာ အထောက်အကူပြုပါတယ်။ ဒီ issues တွေက tasks အသစ်တွေ၊ အမှားပြုပြုင်ဖို့ရာတွေနဲ့ တခြား လုပ်ငန်းပိုင်းဆိုင်ရာတွေလည်း ဖြစ်နိုင်ပါတယ်။
2. Agile Project Management: Jira က Scrum နဲ့ Kanban လိုမျိုး agile methodology တွေကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ အသုံးပြုသူတွေက သူတို့ရဲ့ workflow နဲ့ အလုပ်ပြီးမြောက်တဲ့ အခြေအနေကို သိရှိနိုင်ဖို့ရာအတွက် sprint၊ backlogs နဲ့ board တွေကိုလည်း ဖန်တီးစီမံနိုင်ပါသေးတယ်။
3. Custom Workflows: အသုံးပြုသူတွေက သူတို့ရဲ့ လုပ်ငန်းစဉ်နဲ့ ကိုက်ညီတဲ့ workflow တွေကိုလည်း ဒီဇိုင်းဆွဲဖန်တီးလို့ ရပါတယ်။
4. Integration: development လုပ်ငန်းစဉ်တစ်လျှောက်မှာ အဆင်ပြေချောမွေ့စေဖို့ရာအတွက် Atlassian ရဲ့ tool တစ်ခုလည်းဖြစ်တဲ့ စာရွက်စာတမ်းတွေ ရေးသားဖို့နေရာမှာ အသုံးပြုတဲ့ Confluence အပြင် Bitbucket, GitHub နဲ့ CI/CD tools တွေနဲ့လည်း ပေါင်းစည်းထားပါသေးတယ်။
5. Permissions and Security: Jira ဟာ ဘယ်သူတွေက issues တွေနဲ့ ပရောဂျက်တွေ ကို ကြည့်ရှုလို့ရလဲဆိုတာနဲ့ ဖန်တီးပြုပြင်လို့ရလဲ ဆိုတာကိုပါ အနုစိတ် ထိန်းချုပ်ခွင့်ပေးထားပါတယ်။
6. Scalability: Jira ကို အဖွဲ့ငယ်တွေကစလို့ အဖွဲ့အစည်းကြီးတွေထိ အသုံးပြုလို့ ရပါတယ်။
Jira ကို software development နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီးတော့ အခြားသော လုပ်ငန်းတွေမှာလည်း ပရောဂျက်စီမံခန့်ခွဲမှု လိုအပ်ချက်အတွက် အသုံးပြုနိုင်ပါတယ်။ Jira ကို အသုံးပြုတဲ့ လူသိများတဲ့ ကုမ္ပဏီတွေထဲမှာ NASA, Airbnb, Spotify နဲ့ LinkedIn တို့လည်း ပါဝင်ပါတယ်။
AMC HACKS