Financial Advisors တွေ နေရာပျောက်ပြီလား

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

US ရဲ့ အကြီးဆုံး ဘဏ်ဖြစ်တဲ့ JPMorgan Chase ဘဏ်ဟာ AI ကို အသုံးပြုပြီး customers တွေအတွက် ရင်းနှီးမြှုပ်နှံဖို့ အကြံတွေ ထုတ်ပေးနိုင်တဲ့ ChatGPT ကဲ့သို့ software တစ်ခု ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

New York မှာ အခြေတည်ထားတဲ့ ဘဏ်ဖြစ်တဲ့ JPMorgan Chase ရဲ့ စာအရ ထိုထုတ်ကုန်ကို IndexGPT ဆိုတဲ့နာမည်နဲ့ trademark တင်ထားပြီးပါပြီ။ ထိုထုတ်ကုန်ဟာ AI အသုံးပြုထားမယ့် cloud computing software ဖြစ်ပြီး customers တွေရဲ့ လိုအပ်ချက်အတိုင်း အံဝင်ခွင်ကျဖြစ်စေနိုင်မယ့် စီစစ်ရွေးချယ်မှုတွေ လုပ်ပေးနိုင်မယ်လို့ ဆိုထားပါတယ်။

မနှစ်က OpenAI ရဲ့ ChatGPT အောင်မြင်လာမှုကြောင့် လုပ်ငန်းတိုင်းဟာ AI နဲ့ လုံးပန်းလာကြရပါပြီ။ မေးခွန်းတွေကို လူကဲ့သို့ ပြန်ဖြေနိုင်တဲ့ ChatGPT ဟာ Tech Giants ကြီးတွေနဲ့ Chipmakers တွေကြားမှာ အားပြိုင်မှုကို ဖြစ်လာစေပါတယ်။

ထိုနည်းပညာကို ငွေကြေးပိုင်းမှာ အသုံးပြုနိုင်တဲ့ အပိုင်းတွေရှိပါတယ်။ Goldman Sachs နဲ့ Morgan Stanley အပါအဝင် ဘဏ်တွေဟာ ထိုနည်းပညာကို အတွင်းပိုင်းမှာ စတင်စမ်းသပ်အသုံးပြုနေကြပါပြီ။ ဒါပေမယ့် trademark attorney ဖြစ်သူ Josh Gerben ရဲ့ ပြောကြားချက်အရ JPMorgan ဟာ GPT ပုံစံ ထုတ်ကုန်ကို customers တွေဆီ ပထမဆုံးထုတ်ပေးမယ့် ငွေကြေးဆိုင်ရာ တာဝန်ခံကုမ္ပဏီဖြစ်တယ်လို့ ဆိုထားပါတယ်။

JPMorgan ကို ဘဏ်လုပ်ငန်းအကြီးကြီးက အပျော်သဘောနဲ့ trademark တင်မှာတော့ မဟုတ်ပါဘူး။ trademark တွေဟာ ပုံမှန်အားဖြင့် တစ်နှစ်အတွင်းမှာ အတည်ပြုရမှာဖြစ်ပေမယ့် ဒီ trademark ကို အတည်ပြုရယူနိုင်ဖို့ နောက် ၃ နှစ်အတွင်းမှာ IndexGPT ကို ထုတ်ပေးရမှာဖြစ်တယ်လို့ ရှေ့နေက ပြောထားပါတယ်။

Applications တွေဟာ များသောအားဖြင့် ကုမ္ပဏီ‌တွေကို အတတ်နိုင်ဆုံး ကျယ်ကျယ်ပြန်ပြန့်ကာကွယ်ပေးနိုင်ဖို့ မပြတ်မသားမတိမကျ ထုတ်ပေးကြပေမယ့် JPMorgan ကတော့ သူတို့ရဲ့ IndexGPT ကို ChatGPT အသုံးပြုထားတဲ့ Generative Pre-Trained Technology ခေါ် GPT ဆိုတဲ့ AI နည်းပညာအတိုင်း အသုံးပြုထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ Financial Advisors တွေကို အလုပ်မရှိအောင် လုပ်လိုက်သလိုပဲလို့ trademark attorney ဖြစ်သူ Josh Gerben က ဆိုထားပါသေးတယ်။

Financial Advisors တွေဟာ ဈေးကွက်မှာ သူတို့နေရာကို နည်းပညာတွေက အစားထိုးသွားမှာ ကြောက်လန့်နေခဲ့တာ အတော်ကြာပါပြီ။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာသေးပါဘူး။ Morgan Stanley နဲ့ Bank of America’s Merrill အပါအဝင် Wealth management firms တွေဟာ roboadvisor services တွေ ရယူထားပေမယ့်လည်း တကယ့်လူ advisors တွေကို ဖြုတ်ထားသေးတာမဟုတ်ပါဘူး။

ယခုအပတ်အစောပိုင်းမှာ JPMorgan ရဲ့ executives တွေက နှစ်စဉ် investor conference မှာ သူတို့ရဲ့ လုပ်ငန်းတွေထဲကို AI ထည့်သွင်းတာ ဘယ်လောက် ခရီးပေါက်နေပြီလဲဆိုတာကို ကြေညာအမွှန်းတင်သွားခဲ့တာပါ။ JPMorgan ဟာ GPT နည်းပညာကို အသုံးပြုနိုင်မယ့် အခြေအနေတိုင်းကို စမ်းသပ်နိုင်ဖို့ data scientists နဲ့ machine-learning engineers ပေါင်း ၁၅၀၀ ကို အလုပ်ခန့်ထားတယ်လို့ global tech chief ဖြစ်သူ Lori Beer က ပြောကြားထားပါတယ်။

Reference: “JPMorgan is developing a ChatGPT-like A.I. service that gives investment advice” by CNBC

Related