Slack က အဖွဲ့လိုက်ဆောင်ရွက်မှုတွေကို လွယ်ကူစေပြီးတော့ အဖွဲ့အစည်းအတွင်း ပြောဆိုဆက်သွယ်မှုတွေကို ချောမွေ့စေဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ platform တစ်ခုပဲ ဖြစ်ပါတယ်။ ရုံးတစ်ခုထဲမှာပဲဖြစ်စေ နေရာအရပ်ရပ်က အဖွဲ့သားတွေနဲ့ ဖြစ်စေ productivity မြင့်စေဖို့နဲ့ အလုပ်တကူတကွ လုပ်ဆောင်ရတာ ပိုမိုလွယ်ကူစေဖို့ရာ feature များစွာကို ထောက်ပံ့ပေးထားပါတယ်။
Slack မှာ ဆိုရင်
1. Channels: Slack မှာ မတူညီတဲ့ အဖွဲ့တွေ၊ ပရောဂျက်တွေနဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ဖို့ရာ စကားဝိုင်းတွေကို channel အနေနဲ့ ဖန်တီးလို့ ရပါတယ်။ ဒီ channel တွေကို public အနေနဲ့ အဖွဲ့အစည်းအတွင်းက လူတွေအကုန် ကြည့်ရှုလို့ရအောင် သတ်မှတ်နိုင်သလို private အနေနဲ့လည်း ခွင့်ပြုထားတဲ့သူတွေပဲ ကြည့်ရှုလို့ရအောင် သတ်မှတ်လို့ ရပါတယ်။
2. Direct Messages: channel တွေအပြင် Slack က တစ်ဦးတစ်ယောက်ချင်းစီကို ဒါမှမဟုတ် အဖွဲ့ငယ်တွေဖွဲ့ပြီး တိုက်ရိုက်စာတို ပေးပို့လို့ရအောင်လည်း ထောက်ပံ့ပေးထားပါတယ်။
3. File Sharing: users တွေက ဖိုင်တွေ၊ စာရွက်စာတမ်းတွေ၊ ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း အလွယ်တကူ မျှဝေလို့ ရပါတယ်။ ဖိုင်တွေ မျှဝေတဲ့နေရာမှာ ချောမွေ့စေဖို့ရာအတွက် Slack က cloud storage ဝန်ဆောင်မှုတွေဖြစ်ကြတဲ့ Google Drive၊ Dropbox တို့နဲ့လည်း ပေါင်းစည်းထားပါတယ်။
4. Integrations: project စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ tool တွေ ဖြစ်တဲ့ Trello နဲ့ Asana၊ ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတဲ့ Zendesk၊ development tool တွေ ဖြစ်တဲ့ GitHub နဲ့ Jenkins လိုမျိုး ပြင်ပ applications တွေနဲ့ပါ ပေါင်းစည်းထားပါသေးတယ်။
5. Search Functionality: Slack ရဲ့ search feature က ပြောခဲ့ပြီးသား မျှဝေခဲ့ပြီးသား စာတိုတွေ ဖိုင်တွေကို ပြန်လည်ရှာဖွေလို့ ရစေတဲ့အတွက် အရေးကြီးတဲ့ အချက်အလက်တွေကို အလွယ်တကူ ပြန်လည်ဆွဲထုတ်လို့ ရစေပါတယ်။
6. Notifications: notifications မှာဆိုရင်လည်း desktop နဲ့ mobile အပြင် email notifications တွေကိုလည်း ထောက်ပံ့ပေးပါတယ်။
7. Video and Voice Calls: team members တွေက Slack ထဲမှာပဲ video call ခေါ်လို့ရပြီး အဖွဲ့လိုက် meeting တွေ ဖန်တီးလို့ ရပါတယ်။
8. Customizable Workspaces: မတူတဲ့ workspace များစွာကိုလည်း ဖန်တီးနိုင်ပါတယ်။ workspace တစ်ခုစီကို မတူညီတဲ့ theme တွေ preference တွေနဲ့လည်း စိတ်ကြိုက်ပြုပြင်လို့ ရပါတယ်။
9. Security: Security ပိုင်းမှာဆိုရင်လည်း data encryption၊ two factor authentication နဲ့ GDPR နဲ့ SOC 2 လိုမျိုး လုပ်ငန်းပိုင်းဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ထားပါတယ်။
10. Bots and Automation: Slack က workflows တွေကို ချောမွေ့စေဖို့နဲ့ ပုံမှန်လုပ်ဆောင်ရမယ့် task တွေကို ဆောင်ရွက်ဖို့ရာ bot တွေနဲ့ အလိုအလျောက်စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ဥပမာအနေနဲ့ Slackbot က reminders တွေကို ထောက်ပံ့ပေးတာ၊ မေးခွန်းတွေကို ဖြေကြားပေးတာနဲ့ အသုံးပြုသူအသစ်တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာတွေမှာ အကူအညီပေးနိုင်ပါတယ်။
WhatsApp၊ Facebook Messenger နဲ့ Viber တို့လိုမျိုး စာတိုပေးပို့ရုံအတွက် ဖန်တီးထားတာမျိုး မဟုတ်ဘဲ Slack ဟာလုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အလုပ်တွင်ကျယ်စေဖို့ရာ ရည်ရွယ်ဖန်တီးထားတဲ့ platform တစ်ခုပဲ ဖြစ်ပါတယ်။
AMC HACKS