Caryn Marjorie ဆိုတဲ့ Snapchat Influencer ဟာ အထီးကျန်နေတဲ့သူတွေအတွက်ဆိုပြီး သူ့ရဲ့ အသံအတိုင်း တူတဲ့ CarynAI ဆိုတဲ့ အသံအခြေခံ AI chatbot တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ထို AI chatbot ကို ChatGPT-4 API နဲ့ ပြုလုပ်ထားပြီး subscription စနစ်ဖြင့် ၁ မိနစ်လျှင် $1 နှုန်းနဲ့ အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ထို virtual girlfriend လို့ သမုတ်ထားတဲ့ AI chatbot ဟာ သူ့ရဲ့ subscribers တွေနဲ့ ဖိုမ ကာမဆန်ဆန် စကားတွေကို ရှင်းရှင်းလင်းလင်း ပြောလာခဲ့ပါတယ်။ ထိုကဲ့သို့ ပြောဖို့အတွက် program မထည့်ထားပေမယ့်လည်း ထိုအပြုအမူတွေ ပြုလုပ်လာတာကြောင့် သူမရဲ့ CarynAI ပြုလုပ်သူတွေဟာ အဲ့လို ပြဿနာမျိုး ထပ်ဖြစ်မလာအောင် ကြိုးစားလုပ်ဆောင်နေကြပါတယ်။
CarynAI ရဲ့ website မှာ CarynAI ကို ပြုလုပ်ဖို့ နာရီပေါင်း 2000 ကြာမြင့်ခဲ့ပြီး သူမရဲ့ အသံ၊ အပြောအဆို၊ ပင်ကိုယ်စရိုက်တွေအတိုင်းတူအောင် ပြုလုပ်ထားတယ်လို့ ပြောကြားထားပါတယ်။ ထို AI chatbot ကို အချိန်မရွေးအသုံးပြုနိုင်ပြီး သူမနဲ့ တိုက်ရိုက်စကားပြောနေရသလို ခံစားစေလိမ့်မယ်လို့လည်း အာမခံထားပါတယ်။
CarynAI ဟု ယခုဆို subscribers ပေါင်း 1000 ကျော် ရှိနေပြီဖြစ်ပြီး သူမရဲ့ snapchat followers 1.8 million ထဲက အယောက် 20,000 ကလည်း ဒီ AI chatbot ကို sign up လုပ်ထားကြပါပြီ။ ဒါကြောင့်လည်း သူမက ထိုအရေအတွက်ပေါ်မူတည်ပြီး တစ်လကို 5 million dollars လောက်အထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါသေးတယ်။
ဒီလိုမျိုး product ကို ပထမဆုံးလုပ်တဲ့ influencer ဖြစ်တာနဲ့အညီ ဈေးကိုလည်း သူကြိုက်သလို သတ်မှတ်နိုင်တယ်လို့လည်း Marjorie က ၁ မိနစ် ကို $1 ကောက်ခံခြင်းအပေါ် အခုလို ချေပပြောကြားထားပါတယ်။ ဒီနှုန်းဟာ သူမနဲ့ သူမအဖွဲ့သားတွေအတွက် ဒီ AI ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ တွက်ချက်ကောက်ခံထားရတာပါလို့လည်း ဆိုထားပါသေးတယ်။
ဒီ အသံကို အခြေခံထားတဲ့ AI chatbot ဟာ သူမရဲ့ ပင်ကိုယ်စရိုက်အတိုင်း ရွှန်းနောက်နောက် ကလူကြည်စယ်ပြီး ပျော်စရာကောင်းတဲ့ပုံစံမျိုးဖြစ်အောင် ဖန်တီးထားပြီး ဒီ AI ကြောင့် သူမရဲ့ ကျော်ကြားမှုကို အရောင်မှေးမှိန်မသွားအောင်လည်း လုပ်ဆောင်နေပါတယ်လို့ ပြောကြားထားပါတယ်။
သူမအဖွဲ့သားတွေက ယခုလို ကာမဆိုင်ရာ စကားတွေ ပြောတဲ့အဖြစ်မျိုး ထပ်မဖြစ်လာအောင် လုပ်ဆောင်နေကြပေမယ့်လည်း သူမဟာ AI romance ကို သဘောကျ အားပေးတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ထပ်မံပြောဆိုထားပါသေးတယ်။
CarynAI ဟာ သူမကို အားပေးထောက်ပံ့သူတွေအတွက် သူမအနေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနိုင်ပေးလိမ့်မယ်လို့ ယုံကြည်ထားပြီး ဒီ AI မှ ရသမျှ အကျိုးအမြတ်တွေကိုလည်း CarynAI ပိုတိုးတက်ပြီး မျိုးဆက်များစွာကို အကျိုးသက်ရောက်မှုရှိနိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ ထပ်စောင်းပြောကြားသွားပါတယ်။
သူမကလည်း ထို AI ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို တခြား influencers တွေကလည်း သူမလိုမျိုး အသံအခြေခံတဲ့ AI chatbot မျိုးတွေ၊ နောက်ပိုင်းမှာ မျက်နှာသွင်ပြင်ပါ ထည့်သွင်းပါဝင်လာနိုင်တဲ့ Virtual Avatar AI chatbot တွေလည်း ရှိလာနိုင်ပါတယ်။ ထိုကဲ့သို့ chatbot များ အများအပြားရှိလာချိန်ကျ ထိုနေရာတွေကိုပဲ မှီခိုကာ အချိန်ကုန်ပြီး လူသားတွေ တစ်ယောက်နဲ့တစ်ယောက် နီးစပ်ဖို့ဆိုတာ ခက်ခဲလာမလားဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။
Ref : https://news.yahoo.com/influencer-created-ai-version-herself-132107071.html