“အသေးစားလုပ်ငန်းမှာရော လုပ်ငန်းကြီးတွေမှာပါ Sales & Services အတွက် အသုံးပြုနိုင်တဲ့ Software Zoho CRM”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Zoho CRM ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေမှာ အရောင်း၊ စျေးကွက်ရှာဖွေရေးနဲ့ ဖောက်သည်တွေကို အထောက်အပံ့ဖြစ်စေတဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့ရာ ဒီဇိုင်းထုတ်ထားတဲ့ cloud ပေါ်မှာ အခြေခံတဲ့ software solution တစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေကို ချောမွေ့စေဖို့၊ ဖောက်သည်ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ overall productivity ကို မြှင့်တင်နိုင်ဖို့ရာ tools တွေ features တွေ များစွာ ပါဝင်ပါတယ်။

Zoho CRM မှာဆိုရင် အဓိကအနေနဲ့က

1. Lead Management: campaign တွေကနေ ရရှိလာတဲ့ users information တွေကို အသုံးချပြီး engagement ရယူပါတယ်။ user တစ်ဦးချင်းစီရဲ့ engagement ပေါ် မူတည်ပြီး သင့်လျော်တဲ့ အရောင်းဝန်ထမ်းတွေနဲ့ assign ချကာ ပစ္စည်းဝယ်ယူတဲ့ customer ဖြစ်သွားရင် ဒီ user ကို Customer အဖြစ် update လုပ်ပေးပါတယ်။

2. Contact Management: အပြန်အလှန်ဆက်သွယ်ထားတဲ့ မှတ်တမ်းတွေ၊ ဆိုရှယ်မီဒီယာ ဆက်သွယ်မှုတွေ အပါအဝင် အခြားသင့်လျော်တဲ့ အချက်အလက်တွေများစွာ ပါဝင်တဲ့ database ကို ထိန်းသိမ်းပါတယ်။

3. Sales Automation: email ပို့တာမျိုးနဲ့ follow-up tasks တွေ ဖန်တီးတာမျိုးစတဲ့ ထပ်ခါထပ်ခါ လုပ်‌ဆောင်ဖို့ လိုအပ်တဲ့အရာတွေကိုလည်း auto လုပ်ဆောင်ပေးပါတယ်။

4. Marketing Automation: email campaign တွေ ဆောင်ရွက်တာမျိုးနဲ့ engagement တက်စေဖို့အတွက် CRM ကနေ social media ပေါ်မှာ customers တွေနဲ့ တိုက်ရိုက်ဆက်ဆံပါတယ်။

5. Analytics and Reporting: key metrics တွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ရာအတွက်လည်း စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့ reports တွေနဲ့ dashboard တွေကို ထောက်ပံ့ပေးထားပါသေးတယ်။

6. Customer Support: Zoho desk အပြင် တခြား help desk solutions တွေနဲ့ ပေါင်းစပ်ပြီးတော့ customers တွေရဲ့ လိုအပ်ချက်တွေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးပါတယ်။

7. Mobile Access: Zoho CRM ကို mobile app အနေနဲ့ပါ အသုံးပြုလို့ရနိုင်တဲ့အတွက် ကြိုက်တဲ့နေရာကနေ ကိုယ့်ရဲ့ sale activities ကို manage လုပ်လို့ ရပါတယ်။

8. AI Assistance (Zia): Zia က Zoho CRM အတွင်းမှာ အသုံးပြုလို့ရတဲ့ AI companion တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ CRM ကို စီမံခန့်ခွဲတဲ့နေရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ Zia က မိမိလိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူ ထုတ်ပေးနိုင်ခြင်း၊ ကိုယ်ညွှန်ကြားတဲ့အတိုင်း note မှတ်ပေးနိုင်ခြင်း၊ sale activities တွေရဲ့ ရလဒ်ကို ခန့်မှန်းပေးနိုင်ခြင်းတို့အပြင် ကွဲလွဲချက်တွေကို အလွယ်တကူ သိရှိနိုင်ခြင်းကြောင့် အသုံးပြုသူတွေအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

9. Security and Compliance: security ပိုင်းမှာဆိုရင်လည်း data encryption တွေ user access controls တွေအပြင် GDPR လိုမျိုး ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားပါတယ်။

Zoho CRM က အသေးစားလုပ်ငန်းတွေသာမကဘဲ လုပ်ငန်းကြီးတွေအတွက်ပါ သင့်လျော်ပါတယ်။ သူ့မှာ ပါဝင်တဲ့ feature အစုံအလင်က ဖောက်သည်ဆက်ဆံရေးကို manage လုပ်နိုင်ဖို့အပြင် business growth ဖြစ်စေဖို့ပါ အစွမ်းထက်တဲ့ tool တစ်ခုပဲ ဖြစ်ပါတယ်။

AMC HACKS

Related