AI ပါဝင်လာတဲ့ Social Media များ

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ယနေ့ခေတ်မှာ ကျွန်တော်တို့တွေဟာ AI ဆိုတဲ့အရာနဲ့ မသိလိုက်ခင်မှာပဲ ထိတွေ့နေကြပြီဆိုတာ ယုံနိုင်မလား။

Translation tools တွေ chatGPT လိုမျိုး AI chatbots တွေ စတဲ့ AI tools တွေလို ကိုယ်တိုင် တိုက်ရိုက် သွားရောက်အသုံးပြုနေတာမျိုးမဟုတ်ပဲ ကျွန်တော်တို့ နေ့စဉ်အသုံးပြုဖြစ်နေတဲ့ social media လို applications တွေမှာလည်း AI ပါဝင်နေပါတယ်။

ကျွန်တော်တို့ရဲ့ ဖုန်းတွေမှာ social media app တွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိနေကြမှာပါ။ ထို social media app တွေထဲက AI ‌သုံးထားတဲ့ app တွေကို ပြောပြပေးသွားပါမယ်။

Instagram

Instagram ဟာ သိပ်မကြာသေးခင်က သူတို့ရဲ့ Explore ဆိုတဲ့ နေရာမှာ အသုံးပြုသူ တစ်ယောက်ချင်းစီအလိုက် သက်ဆိုင်တဲ့ content တွေ ဖော်ပြနိုင်ဖို့ AI ကို အသုံးပြုထားတယ်ဆိုပြီး ဖော်ပြလာပါတယ်။ ကိုယ် like ပေးထားတာတွေ follow ထားသူတွေအပေါ် မူတည်ပြီးတော့ Explore tab မှာ ဖော်ပြမယ့်အရာတွေကို AI ကနေ ဆုံးဖြတ်ပေးပါတယ်။

Snapchat

Snapchat ဟာ အသုံးပြုသူတွေအတွက် My AI ဆိုတဲ့ chatbot ကို OpenAI ရဲ့ GPT နည်းပညာ အကူအညီနဲ့ ထုတ်ထားပြီး အသုံးပြုခွင့်ပေးထားပါတယ်။ အလုပ်လုပ်ပုံကတော့ ChatGPT လိုမျိုး မေးချင်တာမေးလို့ရမယ်၊ စာတွေရေးခိုင်းလို့ရမယ် စတဲ့ features တွေပါဝင်ပါတယ်။ Snapchat ကတော့ My AI အသုံးပြုတာများလေလေ ကိုယ့်အကြောင်း ပိုနားလည်လာလေလေ လို့ ညွှန်းထားပါတယ်။

Facebook

Facebook ကတော့ သူ့ platform ပေါ်မှာရှိတဲ့ စာတွေ၊ စကားအပြန်အလှန်ပြောခြင်းတွေကို ပိုပြီး နားလည်နိုင်ဖို့အတွက် DeepText ဆိုတဲ့ AI စနစ်တစ်ခုကို သုံးထားပါတယ်။ အဲ့ဒီ AI စနစ်ဟာ ဘာသာစကားပေါင်းများစွာနဲ့ ရေးထားတဲ့ post တွေကို ချက်ချင်း ဘာသာပြန်ပေးနိုင်တဲ့အထိ အစွမ်းအစရှိပါတယ်။

Twitter

Twitter ဟာ သူ့ platform ပေါ်မှာ လိမ်လည်မှုတွေ ရှာဖွေနိုင်ဖို့၊ ဝါဒဖြန့်ခြင်းတွေကို ဖယ်ရှားနိုင်ဖို့၊ လူမုန်းစရာ မနှစ်မြို့စရာ content တွေကို ဖယ်ရှားနိုင်ဖို့ AI စနစ်တွေ အသုံးပြုထားပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ ဘယ်လို tweets မျိုးတွေကို စိတ်ဝင်စားလဲ အပေါ်မူတည်ပြီးတော့ ထိုအသုံးပြုသူတွေ အကျိုးရှိစေလောက်မယ့် ကြိုက်လောက်မယ့် tweets တွေကို recommend ပေးနိုင်ဖို့အတွက်လည်း AI စနစ်တွေ သုံးထားပါသေးတယ်။

Related