ကျွန်တော် ဒီနေ့ စတုတ္ထပိုင်းဖြစ်တဲ့ အသုံးပြုလို့ ရနေပြီဖြစ်တဲ့ AI services တွေကို ပြောပြပေးသွားပါမယ်။
ကျွန်တော်တို့ လူနေမှုဘဝမှာ တစ်ရက်ထက်တစ်ရက် AI အသုံးပြုမှုတွေ တိုးသထက် တိုးလာနေပါတယ်။ ဒါကို သတိမထားမိပဲ အသုံးပြုဖြစ်နေတဲ့သူတွေလည်း ရှိသလို မသုံးဖြစ်တဲ့သူတွေ အနေနဲ့လည်း AI services တွေဟာ လက်တစ်ကမ်းမှာပဲ ရှိနေတာပါ။
ကျွန်တော်တို့ လူအများအတွက် public ထုတ်ပေးထားပြီး အလကား သုံးလို့ရတဲ့ AI services တွေရှိသလို အခကြေးငွေပေးပြီး သုံးလို့ ရတဲ့ services တွေလည်း ရှိပါတယ်။ အဲ့လို service တွေထဲမှာမှ ဥပမာတစ်ချို့နဲ့ ဘာတွေလုပ်လို့ရမလဲဆိုတာကို အောက်မှာ ဆက်ပြီး ရှင်းပြပေးသွားပါမယ်။
Voice Assistants
ဒါကတော့ ကျွန်တော် အကြိမ်ကြိမ်ပြောပြခဲ့ပြီးပါပြီ။ Amazon ရဲ့ Alexa, Apple ရဲ့ Siri, Google ရဲ့ Google Assistant စတဲ့ အသံအသုံးပြုပြီး စကားပြော ခိုင်းစေ မေးမြန်းလို့ရတဲ့ AI services တွေဟာ ကျွန်တော်တို့ရဲ့ phone တွေထဲမှာတင် ရှိနေပြီးသားပါ။
Chatbots
ဒါဟာလည်း voice assistants တွေလိုပဲ လူတွေနဲ့ အပြန်အလှန် တုံ့ပြန်ပြောဆို နိုင်တဲ့ services တွေပါပဲ။ ဒီနိုင်ငံမှာ အသုံးအများဆုံးလို့ ပြောလို့ရတဲ့ Facebook ရဲ့ Messenger မှာလည်း chatbot တွေရှိသလို တခြား Application တွေဖြစ်တဲ့ Discord, Telegram တွေမှာလည်း chatbot တွေ အသုံးပြုလို့ရနေပါတယ်။
Language Translation
Machine Learning ဟာ အကျိုးသက်ရောက်မှု အသုံးဝင်မှုတွေ ကျယ်ပြန့်လာတာနဲ့ အညီ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေဟာလည်း ဒါကို အသုံးပြုပြီး ဘာသာစကားများကို တစ်ခုကနေ တခြားတစ်ခုကို ဘာသာပြန်ပေးနိုင်တဲ့ AI services တွေလည်း ထုတ်လုပ်ကာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။ Google ရဲ့ Google Translate, Amazon ရဲ့ Amazon Translate, Microsoft ရဲ့ Microsoft Translator နဲ့ ChatGPT တို့ဟာ Machine Learning ကို အသုံးပြုပြီး AI service အဖြစ် စာတွေကို ဘာသာပြန်နိုင်အောင် ပြုလုပ်ထားကြတာပါ။
Productivity
Business သမားတွေ လုပ်ငန်းရှင်တွေရဲ့ productivity တို့တက်ဖို့ အတွက်လည်း AI service tools တွေရှိပါသေးတယ်။ Microsoft ရဲ့ Microsoft 365 Copilot ဟာဆိုရင် Microsoft ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Word, Excel, PowerPoint, Outlook, Team နဲ့ တခြားထုတ်ကုန်တွေမှာ ထည့်သွင်းထားပြီး AI အသုံးပြုထားတဲ့ လူအစားထိုး အလုပ်လုပ်ဆောင်နိုင်တဲ့ productivity tool တစ်ခုဖြစ်ပါတယ်။ team တစ်ခုနဲ့ project တစ်ခုလုပ်နေတယ်ဆိုပါစို့။ ဒီ project team ထဲကသူတွေရဲ့ email ကို ဒီနောက်ဆုံးအချက်အလက်ပို့လိုက်လို့ ပြောလိုက်ရင်ကို Copilot က auto လုပ်ပေးသွားနိုင်တဲ့အထိ အသုံးဝင်ပါတယ်။
Image and Video Recognition
ပုံတွေ video တွေထဲမှာ ရှိတဲ့ မျက်နှာ၊ စာ၊ ကားနံပါတ် နဲ့ တခြားအရာတွေ စတဲ့ အချက်အလက်တွေကို AI services တွေ အသုံးပြုပြီး ရှာဖွေနိုင်နေပါပြီ။ Clarifai လို့ခေါ်တဲ့ ကုမ္ပဏီဟာဆိုရင် video တစ်ခု ပုံတစ်ခု တင်လိုက်ရုံနဲ့တင် အဲ့ဒီအထဲမှာ ဘာတွေပါတယ်ဆိုတာကို အညွှန်းအမှတ်အသားတွေနဲ့ပါ တစ်ခါတည်း စုစုစည်းစည်းဖော်ပြနိုင်ပါတယ်။ Amazon ရဲ့ AWS service တစ်ခုဖြစ်တဲ့ Amazon Rekognition ဟာလည်း ပုံတင်ရုံနဲ့ ထိုပုံထဲမှာရှိတဲ့ အချက်အလက်တွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါတွေကတော့ အခကြေးငွေနဲ့ အသုံးပြုရတဲ့ service တွေပါ။ တခြား online ပေါ်မှာလည်း အခမဲ့အသုံးပြုလို့ရတဲ့ website လေးတွေရှိပါသေးတယ်။
Software Development
Developers တွေအနေနဲ့လည်း ChatGPT ကို code တွေရေးဖို့ တဖြည်းဖြည်း စတင်အသုံးပြုလာကြပါပြီ။ ChatGPT လိုမျိုး Developers တွေ Programmers တွေရဲ့ အလုပ်တွေကို ပိုလ်ွယ်ကူမြန်ဆန်အောင် လုပ်ပေးနိုင်တဲ့ တခြား AI tools တွေလည်း အများကြီးရှိနေပါပြီ။ OpenAI Codex ရဲ့ GitHub Copilot ဆိုရင် ကိုယ်ရေးချင်တဲ့ code ပုံစံမျိုးကို comment ရေးပေးလိုက်ရုံနဲ့ code တွေကို auto လျင်လျင်မြန်မြန် ထုတ်ပေးနိုင်တဲ့အထိ အသုံးဝင်နေပါပြီ။
Building a Business
ကျွန်တော်တို့ နေ့စဉ် ပုံမှန်အသုံးပြုသူတွေအတွက်တင် မကပဲ စီးပွားရေး လုပ်ငန်းတွေအတွက်လည်း AI service tools တွေ ရှိပါသေးတယ်။ OpenAI ရဲ့ GPT အသစ် GPT-4 API (လောလောဆယ် အသုံးပြုလို့ မရနိုင်သေးပါ) ဟာ Application တွေ Services တွေ ထုတ်လုပ်နိုင်ဖို့အတွက် အသုံးပြုနိုင်မှာပါ။ Amazon ရဲ့ Amazon Bedrock ဟာဆိုရင်လည်း Developers တွေအတွက် ထုတ်ပေးထားတဲ့ AI tools အများအပြားပါဝင်တဲ့ cloud-based suite တစ်ခုပါပဲ။