ဒီတစ်ပတ်ကတော့ နည်းပညာပိုင်းမှာ အကြီးဆုံးနဲ့ အရေးပါဆုံးဖြစ်ကြတဲ့ ကုမ္ပဏီတစ်ချို့ရဲ့ ကြေငြာချက်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုရပါမယ်။ ဒီကြေငြာချက်တွေက virtual assistant ကဏ္ဍပိုင်းမှာ သိသိသာသာ တိုးတက်ပြောင်းလဲတော့မယ့် အလားအလာတွေကို ပြသနေပါတယ်။
Silicon Valley လည်း ဒီကိစ္စမှာ ပါဝင်လာခဲ့မယ်ဆိုရင် ကိုယ်တိုင် code ရေးဖို့ မလိုတော့တာမျိုး၊ ကိုယ်တိုင် email ရေးစရာ မလိုတော့တာမျိုး နဲ့ ဟာသတောင် ကိုယ်တိုင်ဖန်တီးစရာ မလိုတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။
OpenAI ရဲ့ Spring Update event မှာ AI assistant updates တွေကို ကြေငြာခဲ့ပြီး နောက်ရက်မှာပဲ Google ကလည်း ၎င်းရဲ့ I/O developer ကွန်ဖရင့်မှာ အလားတူ updates တွေကို ကြေငြာခဲ့ပါတယ်။
Siri၊ Google Assistant နဲ့ Alexa လိုမျိုး အစောပိုင်းကာလရဲ့ assistant တွေကို အစပြုပြီးတော့ သက်ဆိုင်ရာ နည်းပညာနယ်ပယ်မှာ ပိုမိုကောင်းမွန်တဲ့ assistant ဖန်တီးနိုင်ဖို့ဆိုတဲ့ တူညီတဲ့ပန်းတိုင်ကို အကောင်အထည် ဖော်နေကြတာပဲ ဖြစ်ပါတယ်။
စကားပြောစွမ်းရည်ကောင်းတဲ့ ပရော်ဖက်ရှင်နယ် AI လက်ထောက်တွေဟာ နည်းပညာနယ်ပယ်မှာ အချက် အချာတစ်ခုအနေနဲ့ ဖြစ်တည်လာတော့မှာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။
ဒီ AI ဖန်တီးမှုအသစ်တွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် web ရဲ့ အလုပ်လုပ်ပုံကိုပါ ပြောင်းလဲလာနိုင်ချေ ရှိပါတယ်။ မေးခွန်းထုတ်စရာ မလိုတော့အောင်ကို အရာတော်တော်များများကို ပြောင်းလဲတော့မယ်လို့ ဆိုရပါမယ်။ ဘယ်လို ဆိုးကျိုး၊ ကောင်းကျိုးတွေ ဖြစ်လာမယ်၊ ဘယ်လမ်းကြောင်းကို ဦးတည်နိုင်တယ်ဆိုတာတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
laptops တွေ emulators တွေ self-drive ကားတွေနဲ့ iPad တွေကလည်း သူ့နယ်ပယ်အသီးသီးမှာ တိုးတက်ပြောင်း လဲလာနေပါပြီ။ လာမယ့် developer ကွန်ဖရင့်ပေါင်းများစွာနဲ့အတူ အပြောင်းအလဲတွေကို စိတ်ဝင်တစားစောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။
Reference: AI assistants are so back by TheVerge
AMCHACKS