Apple က ဥာဏ်ရည်တု (AI) ကို အဓိကထား လုပ်ဆောင်တဲ့ ကနေဒါအခြေစိုက် startup တစ်ခုဖြစ်တဲ့ DarwinAI ကို၀ယ်ယူလိုက်ကြောင်း သိရပါတယ်။ အဆိုပါသဘောတူညီချက်ဟာ ယခုနှစ်အစောပိုင်းမှာ သဘောတူညီမှုရရှိခဲ့ပြီး နည်းပညာကုမ္ပဏီကြီးရဲ့ AI ရည်မှန်းချက်များကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်ရပါတယ်။
ဖေဖော်ဝါရီလမှာ CEO Tim Cook က ကုမ္ပဏီရဲ့သုံးလပတ်ဝင်ငွေခေါ်ဆိုမှုများအတွင်း AI မှာ “များပြားလှတဲ့အချိန်နဲ့ ကြိုးစားအားထုတ်မှု” ကို သုံးစွဲထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသေးစိတ်အချက်
အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယင်းတိုးတက်မှုအချို့ကို ယခုနှစ်နှောင်းပိုင်းမှာထုတ်ဖော်နိုင်မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အထူး သဖြင့် iOS 18 Update မှာ iPhone အတွက် AI စွမ်းရည်အသစ်များကို ထည့်သွင်းလာနိုင်တယ်လို့ သတင်းများက အကြံပြုထားပါတယ်။ (more…)