အမိုက်စား AI Tools (၅)​ခု

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

အရင်က AI လို့ကြားလိုက်ရင် ရုပ်ရှင်တွေထဲကလို ကမ္ဘာဖျက်မယ့် စက်ရုပ်တွေ၊ လူတွေထက် အသိဉာဏ်ပိုကောင်းတဲ့ ကွန်ပြူတာတွေကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ဒါပေမဲ့ အခု အချိန်အခါကို သေခြာလေ့လာကြည့်မယ်ဆိုရင် လူတွေရဲ့ AI အပေါ် ကြောက်ရွံ့မှုတွေဟာ တစ်စနဲ့ တစ်စ ပိုနည်းလာနေပြီး AI ကို tool တစ်ခုအနေနဲ့ ဘယ်လိုအသုံးချရမလဲဆိုတာကို ပိုပြီး အာရုံစိုက်လာကြတာကို မြင်တွေ့နေကြရပါပြီ။ စာသင်တာ၊ video editing လုပ်တာ၊ ဒီဇိုင်းတွေဆွဲတာနဲ့ အမျိုးမျိုးသော လုပ်ငန်းတွေမှာ AI ကို ဘယ်လို ထည့်သွင်းအသုံးချမလဲဆိုတာကို စတင်စဉ်းစားလာကြပါပြီ။ မိတ်ဆွေလည်း ဒီလို video editing, ဒီဇိုင်းဆွဲတာ စတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဖို့လိုတယ်ဆိုရင် အဆင်ပြေစေဖို့ ChatGPT နဲ့ Dell-E 2 တို့လို အကောင်းဆုံးပါဆိုတဲ့ breakthrough AI software နဲ့ website ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ကြည့်လိုက်ကြရအောင်။

Stable Diffusion 2

Stable Diffusion 2 ဟာ Dell-E 2 တို့ MidJourney တို့လို စာရိုက်ထည့်ပြီး ပုံထုတ်ပေးနိုင်တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ MidJourney နဲ့ မတူတာက Stable Diffusion 2 ဟာ website ပေါ်ကနေ သွားရောက်အသုံးပြုရမှာမဟုတ်ဘဲ ကိုယ့်ရဲ့ ကွန်ပြူတာထဲကို download လုပ်ပြီး ဆော့ဖ်ဝဲတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုမတူတာက သူဟာ source code တွေကို free ထုတ်ပေးထားပြီး လူတိုင်းရယူအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Lumen5

Lumen5 ကတော့ video editing AI တစ်ခုပဲ ဖြစ်ပါတယ်။ video editing လုပ်ဖို့ PC အဆင်မပြေသူတွေ၊ editor ငှားရမ်းဖို့ အဆင်မပြေသူတွေအတွက် အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် AI နဲ့ ဖန်တီးနိုင်တဲ့ video editing website တစ်ခုပဲဖြစ်ပါတယ်။ ပညာရေး၊ မားကတ်တင်းနဲ့ စီးပွားရေးဆိုင်ရာ video တွေကို အလွယ်တကူပြုလုပ်နိုင်တာမို့လို့ နည်းပညာမကျွမ်းကျင်ရင်တောင်မှ အဆင်ပြေနိုင်တဲ့ AI ပဲဖြစ်ပါတယ်။

Soundraw

ဒီ AI ကတော့ ကျွတ်ဆင်ကြီးပါပဲ။ ကိုယ်လိုချင်တဲ့ mood, tone, beat, genre တွေကို ရိုက်ထည့်လိုက်တာနဲ့ ဘယ်သူနဲ့မှ မတူတဲ့ royalty-free သီချင်းတွေကို ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ မိတ်ဆွေဟာ သီချင်းအကြောင်း ဘာမှသိစရာမလိုဘဲ ကိုယ်ဘယ်လိုခံစားချက်ကို လိုချင်သလဲ၊ guitar နဲ့လား DJ လား၊ ဘယ်လောက်အရှည်လိုချင်သလဲ စတာတွေကို ထည့်ပေးလိုက်ရုံနဲ့ ဘယ်နေရာမှာမဆိုအသုံးပြုနိုင်တဲ့ AI သီချင်းတွေကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Cleanup.Pictures

သူကတော့ မိတ်ဆွေတို့ရဲ့ ပုံတွေထဲမှာ မပါချင်တဲ့ နောက်ကဖြတ်သွားတဲ့သူတွေ၊ ဓာတ်တိုင်၊ အမှိုက်ဘုံးတွေ စတာတွေကို အလွယ်တကူဖျက်ပေးနိုင်တဲ့ AI ပဲ ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ Photoshop လို ဆော့ဝဲတွေ သုံးတတ်စရာမလိုတော့ဘဲ အသပ်ရပ်ဆုံးနဲ့ အကောင်းဆုံးပုံဖြစ်အောင် ကိုယ်တိုင်ပြင်နိုင်မှာပဲ ဖြစ်ပါတယ်။

Murf

Murf ကတော့ စာကနေ ပုံကို ထုတ်ပေးသလိုမျိုး စာကို လူနဲ့ အနီးစပ်ဆုံးတူတဲ့ အသံထွက်ပေးနိုင်မယ့် AI ဖြစ်ပါတယ်။ အသံအမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ဘာသာစကား ၁၅ မျိုးအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေဟာ YouTube တို့ Facebook တို့မှာ video တွေ တင်တဲ့သူဆိုရင် narrator တစ်ယောက်ငှားစရာမလိုတော့ဘဲ English အသံထွက်နဲ့ video တွေကို အလွယ်ကူဆုံး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

Related