“လုပ်ငန်းဝဘ်ဆိုက်ရဲ့ Performance တွေစောင့်ကြည့်ဖို့ Hotjar”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

ကိုယ့်လုပ်ငန်းမှာဝဘ်ဆိုက်တွေဆောက်ထားတော့မယ်ဆိုရင် လုပ်ဆောင်ချက်တွေကို အကဲဖြတ်ဖို့၊ Insights တွေသိနိုင်ဖို့အတွက် “Hotjar” ကိုအသုံးပြုနိုင်ပါတယ်။

Website ထဲကိုဘယ်လောက်များများဝင်ကြည့်ကြလဲ၊ ဘယ်လိုအကြောင်းအရာတွေကို ရှာကြည့်လဲ၊ ဘယ်လို Interact လုပ်သွားလဲ စတာတွေအားလုံးကိုသိနိုင်တယ်။

Polls, Survey တွေနဲ့ Users တွေဆီကနေ Feedback တွေကောက်ခံနိုင်တယ်။ လိုတာတွေပြင်ဖို့ အိုင်ဒီယာတွေယူနိုင်တယ်။

Conversion Funnels လုပ်ပေးနိုင်တယ်။ ဥပမာ ဘယ်လောက် Sign up လုပ်သွားလဲ၊ ဘယ်လောက် Purchase လုပ်သွားလဲဆိုတာတွေကိုသိနိုင်တယ်။

Website ထဲကိုဝင်ကြည့်တဲ့သူတွေရဲ့ Click, Scroll လုပ်တာတွေကိုပါ Recordings ကနေတဆင့်သိနိုင်တယ်။ ဒီအချက်ကိုသုံးပြီး Pain Point ရှာလို့ရတယ်။ သူတို့ဘယ်အကြောင်းအရာတွေကို ပိုသိချင်လဲ၊ မသိချင်ဘူးလဲ အစရှိသဖြင့် သုံးသပ်နိုင်ပါလိမ့်မယ်။

ဒါကတော့ လုပ်ငန်းရှင်တွေအတွက် မိမိတို့ရဲ့လုပ်ငန်းဝဘ်ဆိုက်တွေကို ကိုယ်တိုင်စောင့်ကြည့်နိုင်ရန်အတွက်ပါ။

AMC HACKS

Related