အခုနောက်ပိုင်းမှာဆိုရင် ဗီဒီယိုဖန်တီးရတာကို ကြိုက်နှစ်သက်သူတွေအတော်လေးများလာတာကို သတိထားမိတယ်။ စီးပွားရေးတခုအဖြစ် ဖန်တီးလုပ်ကိုင်နေကြတဲ့ ပညာရှင်တွေလည်းရှိသလို mini Vlog လေးတွေကို ဝါသနာအရဖန်တီးနေတဲ့သူတွေလည်း အများကြီးတွေ့ရတယ်။ ဒါပေမဲ့ ပြဿနာကတော့ ကျနော်တို့ ဘယ်ပလက်ဖောင်းမှာဖြစ်ဖြစ် ကော်ပီရိုက်မိနေတာက ခပ်များများရယ်။ ဒီအတွက် ကော်ပီရိုက်မမိအောင်လို့ Video တွေမှာထည့်မယ့်နောက်ခံသီချင်းတွေ၊ တီးလုံးတွေကို AI နဲ့ကိုယ်တိုင်ဖန်တီးကြည့်ပါ။ ဘယ်လိုဖန်တီးရမလဲဆိုရင်တော့ကျနော်အခုပြောပြပေးမယ့် Tools လေးတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။
၁။ Suno AI
——————
ဒါလေးကိုတော့ အရင်ကလည်းပြောဖူးပါတယ်။ AI အကူအညီနဲ့ သီချင်းတွေ၊ နောက်ခံတီးလုံးတွေကို အချိန်တိုတွင်းမှာ Generate လုပ်ပေးနိုင်တဲ့ အမိုက်စား Tool လေးပါ။ သီချင်းအမျိုးအစားနဲ့ ဖန်တီးချင်တဲ့အကြောင်းအရာကို ရေးပေးလိုက်ရုံနဲ့ သီချင်းတွေ၊ တီးလုံးတွေကို အချိန်တိုတွင်း ဖန်တီးပေးနိုင်တယ်။ Lyrics တွေထုတ်ပေးနိုင်တယ်။ ပိုက်ဆံပေးစရာမလိုဘူး Free ရပါတယ်။
၂။ Mubert
—————–
နောက်ထပ်အကြိုက်ဆုံးတွေထဲက တခုဖြစ်ပါတယ်။ သူ့ထဲမှာဆိုရင်လည်း သီချင်းအမျိုးအစား၊ အတိုအရှည်ကိုပါ စိတ်ကြိုက်ရွေးချယ်ပြီး ဖန်တီးလို့ရတယ်။ ဒါ့အပြင် ထူးခြားတာတခုက YouTube Video တွေထဲကနေ Reference ယူပြီးတော့လည်း Track တွေရှာပေးနိုင်တာပဲ။ သူလည်းပဲ Free ရပါတယ်။
၃။ Tracksy
——————
ဒါလေးကတော့ ဖန်တီးရတာအလွယ်ကူဆုံးဖြစ်ပါလိမ့်မယ်။ သူ့ထဲမှာ Genre/mood ရွေးချယ်လိုက်ရုံနဲ့ Track တွေကိုအလွယ်လေး Generate လုပ်ပေးနိုင်ပါတယ်။ ရှေ့ကနှစ်ခု လောက်တော့ Feature မစုံပေမယ့်လို့ ထွက်လာတဲ့ Track တွေကတော့ အသုံးတည့်မှာသေချာပါတယ်။ သူလည်းပဲ ကြိုက်သလိုသုံး Free ပါပဲ။
ကဲ ကော်ပီရိုက်မငြိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြလိုက်ပြီဆိုတော့ ဗီဒီယိုတွေကို အဆင်ပြေပြေဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အဆင်ပြေပါစေခင်ဗျာ။
AMC HACKS